ဒီနေ့ဟာ realme အတွက် အာရှ ပစိဖိတ် ဒေသမှာ ထူးထူးခြားခြားနေ့ ၁ နေ့လို့ ဆိုရမှာပါ။ အိန္ဒိယမှာ Narzo 20 Series တွေကို ကြေညာခဲ့ပြီး အဲဒီ မတိုင်ခင် ဘင်္ဂလားဒေ့ရှ်မှာ realme C17 ကို ချပြခဲ့ပါတယ်။ realme C17 ကို နိုင်ငံတကာမှာလည်း ရောင်းမှာပါ။

realme C17 မှာ အရွယ်ကြီး မျက်နှာပြင်၊ Fast Charging ပါတဲ့ အရွယ်ကြီး ဘက်ထရီနဲ့ အနောက်ကင်မရာ ၄ လုံး ပါပါတယ်။ Snapdragon 460 Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage တွေ ထည့်ထားပါတယ်။ ၆.၅ လက်မ HD+ 90Hz မျက်နှာပြင် ပါလာပြီး တန်ဖိုးနည်း ဖုန်း ၁ လုံးအတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်တယ်လို့ ပြောရမှာပါ။ Notch မသုံးဘဲ Punch Hole ဆဲလ်ဖီး ကင်မရာ ထည့်ထားတာကလည်း တန်ဖိုးနည်း ဖုန်းလို့ မထင်ရက်စရာပါ။

အနောက်ဘက်မှာ 13MP Main , 8MP Ultrawide , 2MP Portrait နဲ့ 2MP Macro ကင်မရာ ၄ လုံးကို L ပုံစံ တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 8MP ပါ။ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားပြီး 18W Charging ပါပါတယ်။

Lake Green နဲ့ Navy Blue ၂ ရောင် ထုတ်လုပ်ထားပြီး ၁၉၀ ဒေါ်လာလောက် သတ်မှတ်ထားပါတယ်။ ၂ သိန်းခွဲလောက်ပဲ ရှိပြီး ၂၂ ရက်နေ့ ဘင်္ဂလားဒေ့ရှ်မှာ ရောင်းမှာပါ။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena