[Zawgyi]






Ref: GSMArena

[Unicode]

၁ သိန်း ၃ သောင်း ဝန်းကျင်သာပေးရမယ့် 12nm Heilo P22 သုံးထားတဲ့ Realme C2

Realme 3 Pro ကတော့တရားဝင် ကြေညာလိုက်ပါပြီ။ တစ်ပြိုင်နက်တည်းမှာ သိလိုက်ရတာက Realme ရဲ့ နောက်ထပ် ဖုန်းတစ်လုံးဖြစ်တဲ့ Realme C2 အကြောင်းပါပဲ။ Realme C2 က စပြီးကြော်ငြာကတည်းက ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် ကြော်ငြာခဲ့တာပါ။

ဒါပေမယ့် Realme C2 ဟာ Mid-range features အချို့ကို သယ်ဆောင်လာပြီး Low-end ဈေးကွက်ကို  နှောင့်ယှက်ပွဲဖျက်ဦးမယ့် အလားအလာတွေ ပြသနေပါတယ်။ Realme C2 ဟာ 12nm Heilo P22 Chipset နဲ့ဖြစ်ပြီး ဈေးနှုန်းအားဖြင့် INR5,999 ($85) မြန်မာငွေ ၁ သိန်း ၃သောင်း ဝန်းကျင်သာ ဖြစ်ပါတယ်။

6.1-inch မျက်နှာပြင်ဟာ HD resolution နဲ့ဖြစ်ပြီး Waterdrop Notch နဲ့ ဖြစ်ပါတယ်။ 2/16GB နဲ့ 3/32GB ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ နည်းပါးတဲ့ သိုလှောင်မှုပမာဏအတွက် MicroSD ကတ်နဲ့ ထပ်ပြီး တိုးချဲ့လို့ရပါသေးတယ်။Triple Slot ဖြစ်ပြီး Dual SIM သုံးလို့ရပါတယ်။

ကျောဘက်မှာတော့ 13MP + 2MP ကင်မရာနှစ်လုံးကို တပ်ဆင်ပေးထားပြီး အရှေ့ဘက် Selfie ကင်မရာကတော့ 5MP AI Selfie ကင်မရာ ဖြစ်ပါတယ်။ ColorOS 6.0 + Android 9.0 ဖြစ်ပြီး ဘက်ထရီပမာဏကတော့ 4,000mAh AI Battery ဖြစ်နေတာကို တွေ့ရပါတယ်။ Fingerprint မပါပေမယ့် AI Facial Unlock ကို အသုံးပြုနိုင်မှာပါ။

Realme C2 ဟာ အရောင်အားဖြင့် Diamond Blue နဲ့ Diamond Black နှစ်ရောင် ထုတ်ထားပါတယ်။ 2/16GB version က ၁ သိန်း ၃ သောင်း ဝန်းကျင်ဖြစ်ပြီး 3/32GB version ကတော့ INR7,999 ($115) ၁ သိန်း ၇ သောင်းခွဲဝန်းကျင် ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိန္ဒိယဈေးကွက်မှာပဲ ရောင်းချဦးမယ်လို့ သိရပါတယ်။

Ref: GSMArena