[Zawgyi]

Realme အေနျဖင့္ ႏိုင္ငံတကာစမတ္ဖုန္းေဈးကြက္တြင္ Xiaomi ၏အဓိကၿပိဳင္ဘက္အျဖစ္ ဆက္လက္ရပ္တည္ၿပီး ထူးျခားသည့္ထုတ္ကုန္သစ္မ်ားစြာကို မိတ္ဆက္ေပးခဲ့သလို ယခုအခါတြင္ Budget King ဟုေခၚတြင္ထားသည့္ realme C2 စမတ္ဖုန္းသစ္ကိုပါ ေနာက္ဆုံးအေနျဖင့္ မိတ္ဆက္ေပးလိုက္ၿပီျဖစ္သည္။

ငယ္႐ြယ္ႏုပ်ိဳသည့္လူငယ္ထုမ်ားကို အဓိကဦးတည္ကာ ဆန္းသစ္လွပသည့္မိုဘိုင္းထုတ္ကုန္မ်ား ဖန္တီးထုတ္လုပ္ေပးေနသည့္ realme အေနျဖင့္ ယခု Budget King series အသစ္ျဖစ္ေသာ realme C2 တြင္ တစ္မူထူးျခားသည့္ Diamond Design ပုံစံျဖင့္ မိတ္ဆက္ေပးလိုက္ျခင္းျဖစ္သည္။ အထူးသျဖင့္ ဖုန္း၏ေနာက္ေက်ာဘက္ပုံစံမွာ အဆိုပါေဈးတန္းမ်ိဳးတြင္ ထိေတြ႕မႈအသစ္ကိုခံစားရေစမည့္ texture ဒီဇိုင္းကို ပထမဆုံးအသုံးျပဳေပးထားျခင္းျဖစ္သည္။ ယခုမွ စမတ္ဖုန္းတစ္လုံးကိုစတင္ထိေတြ႕အသုံးျပဳ လိုသည့္သုံးစြဲသူမ်ားအေနျဖင့္ realme C2 က ေနာက္ဆုံးထုတ္မိုဘိုင္းနည္းပညာသစ္မ်ားကို Budget King ေဈးႏႈန္းမ်ိဳးျဖင့္ ထိေတြ႕အသုံးျပဳႏိုင္ေစမည္ျဖစ္သည္။ HD+ အရည္အေသြးရွိ ႀကီးမားသည့္ႏွင္းစက္ပုံစံ 6.1-inch display ကိုအသုံးျပဳေပးထားသည္။ စမတ္ဖုန္းသုံးစြဲသူမ်ားအၾကားတြင္ အဓိကလိုအပ္ခ်က္တစ္ခုျဖစ္သည့္ battery အားၾကာရွည္ခံေစရန္အတြက္လည္း အရည္အေသြးျမင့္ 4000 mAh battery အမ်ိဳးအစားကိုအသုံးျပဳေပးထားသည္။

ဓာတ္ပုံ႐ိုက္ကူးမႈအပိုင္းတြင္လည္း Dual Camera စနစ္ေၾကာင့္ ပုံမွန္ျမင္ကြင္းက်ယ္ဓာတ္ပုံမ်ားအျပင္ Portrait အလွဓာတ္ပုံမ်ားကိုပါ ႐ိုက္ယူႏိုင္ေစမည္ျဖစ္သည္။ realme C2 တြင္ user မ်ားေတာင္းဆိုေနၾကသည္ Theme Store ကိုပါတစ္ပါတည္းထည့္သြင္းေပးထားေၾကာင္း သိရွိရသည္။ ေနာက္ဆုံးထုတ္ ColorOS 6.0 ႏွင့္အတူ Android Pie ကို တိုက္႐ိုက္ထိေတြ႕ခြင့္ရရွိမည္ျဖစ္ၿပီး အေရာင္ေ႐ြးခ်ယ္မႈအျဖစ္ Diamond Blue ႏွင့္ Diamond Black ၂မ်ိဳးကိုေ႐ြးခ်ယ္ႏိုင္ေၾကာင္းသိရွိရသည္။ ႏိုင္ငံတကာေဈးႏႈန္းမ်ားအရ realme C2 မွာ ျမန္မာေငြ ၂သိန္းေအာက္ ေဈးတန္းမ်ိဳးျဖင့္ထြက္လာႏိုင္ဖြယ္ရွိေနၿပီး 3+32 Version ကိုလူႀကိဳက္ပိုမ်ားလ်က္ရွိေနသည္။

[Unicode]

Realme အနေဖြင့် နိုင်ငံတကာဈေးကွက်တွင် Xiaomi ၏အဓိကပြိုင်ဘက်အဖြစ် ဆက်လက်ရပ်တည်ပြီး realme C2 ကိုမိတ်ဆက်ပေးခဲ့

Realme အနေဖြင့် နိုင်ငံတကာစမတ်ဖုန်းဈေးကွက်တွင် Xiaomi ၏အဓိကပြိုင်ဘက်အဖြစ် ဆက်လက်ရပ်တည်ပြီး ထူးခြားသည့်ထုတ်ကုန်သစ်များစွာကို မိတ်ဆက်ပေးခဲ့သလို ယခုအခါတွင် Budget King ဟုခေါ်တွင်ထားသည့် realme C2 စမတ်ဖုန်းသစ်ကိုပါ နောက်ဆုံးအနေဖြင့် မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

ငယ်ရွယ်နုပျိုသည့်လူငယ်ထုများကို အဓိကဦးတည်ကာ ဆန်းသစ်လှပသည့်မိုဘိုင်းထုတ်ကုန်များ ဖန်တီးထုတ်လုပ်ပေးနေသည့် realme အနေဖြင့် ယခု Budget King series အသစ်ဖြစ်သော realme C2 တွင် တစ်မူထူးခြားသည့် Diamond Design ပုံစံဖြင့် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် ဖုန်း၏နောက်ကျောဘက်ပုံစံမှာ အဆိုပါဈေးတန်းမျိုးတွင် ထိတွေ့မှုအသစ်ကိုခံစားရစေမည့် texture ဒီဇိုင်းကို ပထမဆုံးအသုံးပြုပေးထားခြင်းဖြစ်သည်။ ယခုမှ စမတ်ဖုန်းတစ်လုံးကိုစတင်ထိတွေ့အသုံးပြု လိုသည့်သုံးစွဲသူများအနေဖြင့် realme C2 က နောက်ဆုံးထုတ်မိုဘိုင်းနည်းပညာသစ်များကို Budget King ဈေးနှုန်းမျိုးဖြင့် ထိတွေ့အသုံးပြုနိုင်စေမည်ဖြစ်သည်။ HD+ အရည်အသွေးရှိ ကြီးမားသည့်နှင်းစက်ပုံစံ 6.1-inch display ကိုအသုံးပြုပေးထားသည်။ စမတ်ဖုန်းသုံးစွဲသူများအကြားတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် battery အားကြာရှည်ခံစေရန်အတွက်လည်း အရည်အသွေးမြင့် 4000 mAh battery အမျိုးအစားကိုအသုံးပြုပေးထားသည်။

ဓာတ်ပုံရိုက်ကူးမှုအပိုင်းတွင်လည်း Dual Camera စနစ်ကြောင့် ပုံမှန်မြင်ကွင်းကျယ်ဓာတ်ပုံများအပြင် Portrait အလှဓာတ်ပုံများကိုပါ ရိုက်ယူနိုင်စေမည်ဖြစ်သည်။ realme C2 တွင် user များတောင်းဆိုနေကြသည် Theme Store ကိုပါတစ်ပါတည်းထည့်သွင်းပေးထားကြောင်း သိရှိရသည်။ နောက်ဆုံးထုတ် ColorOS 6.0 နှင့်အတူ Android Pie ကို တိုက်ရိုက်ထိတွေ့ခွင့်ရရှိမည်ဖြစ်ပြီး အရောင်ရွေးချယ်မှုအဖြစ် Diamond Blue နှင့် Diamond Black ၂မျိုးကိုရွေးချယ်နိုင်ကြောင်းသိရှိရသည်။ နိုင်ငံတကာဈေးနှုန်းများအရ realme C2 မှာ မြန်မာငွေ ၂သိန်းအောက် ဈေးတန်းမျိုးဖြင့်ထွက်လာနိုင်ဖွယ်ရှိနေပြီး 3+32 Version ကိုလူကြိုက်ပိုများလျက်ရှိနေသည်။