[Zawgyi]
realme C2 မှာ 6.1” LCD Display (720 x 1560 pixels), MediaTek Helio P22 SoC, RAM 3GB + Storage 32GB, 4000mAh Battery, Rear Camera 13MP + 2MP နဲ့ Selfie Camera 5MP တို့ ပါရှိပြီး ဈေးနှုန်းအားဖြင့် ၁၈၉,၀၀၀ ကျပ် တိတိ ကျသင့်မှာ ဖြစ်သည်။ အရောင်တွေအနေဖြင့် Diamond Black နှင့် Diamond Blue ဆိုသည့် အရောင် ၂မျိုးအား ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါသည်။
[Unicode]
Realme C2 Fresh Experience Party အခမ်းအနားကို ရန်ကုန်မြို့ LOTTE Hotel တွင် ကျင်းပပြုလုပ်
ဇွန်လ ၁၉ရက်နေ့တွင် realme C2 Fresh Experience Party အခမ်းအနားကို ရန်ကုန်မြို့၊ LOTTE Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး realme ၏ KOL အနုပညာရှင်များကြသည့် ကောင်းမြတ်စံ၊ ယွန်းယွန်း၊ ဟန်နီနွေဦးတို့နှင့် အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ Business Partner များ၊ သတင်းနှင့်စာနယ်ဇင်းမှဆရာ၊ ဆရာမများ၊ realme ၏ မိသားစုဝင်များဖြစ်ကြသည့် R-fan များအားလုံးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစတွင် realme ၏ တစ်နှစ်တာအတွင်း နိုင်ငံတကာတွင်လှုပ်ရှားဆောင်ရွက်မှုများ၊ စျေးကွက်ချဲ့ထွင်မှုများ၊ ပြောင်းလဲကျင့်သုံးလိုက်သည့် realme ၏ Brand Message များအကြောင်း၊ မိတ်ဆက်ပေးလိုက်သည့် realme C2 Diamond Design, Budget King စမတ်ဖုန်းသစ်အကြောင်းများကို realme ၏ Head of Brand Communications ဖြစ်သူ ကိုဝေဖြိုးအောင်က ရှင်းလင်းပြောကြားပေးသွားခဲ့သည်။ ထို့နောက်တွင် realme C2 စမတ်ဖုန်းသစ်နှင့် ကောင်းမြတ်စံတို့လက်တွဲပူးပေါင်းရိုက်ကူးထားသည့် Online Video လေးကို ပြသပေးကာ အဆိုပါ Video ဖန်တီးမှုအကြောင်းအရာများကို ကောင်းမြတ်စံက ပြန်လည်ဝေမျှပေးသွားခဲ့သည်။ ထို့နောက်တွင် realme ၏ KOL အနုပညာရှင်များဖြစ်ကြသည့် ယွန်းယွန်းနှင့် ဟန်နီနွေဦးတို့ကလည်း ယခု realme C2 ဖုန်းလေးကို ကိုင်ဆောင်အသုံးပြုရသည့် ၎င်းတို့၏ ခံစားချက်နှင့် နှစ်သက်သဘောကျသည့်အချက်များကိုပါ ပရိသတ်များအတွက် ဝေမျှပြောကြားသွားခဲ့သည်။ ယခုကျင်းပသည့် realme C2 Fresh Experience Party ပွဲသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များအတွက် realme C2 (၃)လုံး တိတိကို ကောင်းမြတ်စံ၊ ယွန်းယွန်းနှင့် ဟန်နီနွေဦးတို့က မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး realme မိသားစုဝင်များဖြစ်ကြသည့် R-fan တို့နှင့်အတူ စင်ပေါ်တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယခုအခမ်းအနား၏ အရေးအကြီးဆုံး အပိုင်းတစ်ခုဖြစ်သည့် စျေးနှုန်းကြေညာခြင်းကို realme ၏ Product Manager ဖြစ်သူ Mr.Cian က ရင်ခုန်စိတ်လှုပ်ရှားစွာ ကြေညာပေးခဲ့ပြီး အခမ်းအနားနောက်ဆုံးပိုင်းတွင် realme မှတာဝန်ရှိသူများနှင့်အတူ အနုပညာရှင်များ၊ အထူးဧည့်သည်တော်များက စင်မြင့်ထက်တွင် အမှတ်တရ Group Photo ရိုက်ကူးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင် ယနေ့မိတ်ဆက်ပွဲအခမ်းအနား၏ အခမ်းအနားမှုးဖြစ်သူ ကိုတေဇာကျော်က ကြွရောက်လာကြသည့် ဧည့်သည်တော်များ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်အသုံးပြုနိုင်စေမည့် realme C2 Experience Zone ကို ဖွင့်လှစ်ပေးကာ အခမ်းအနားကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။
realme C2 မှာ 6.1” LCD Display (720 x 1560 pixels), MediaTek Helio P22 SoC, RAM 3GB + Storage 32GB, 4000mAh Battery, Rear Camera 13MP + 2MP နဲ့ Selfie Camera 5MP တို့ ပါရှိပြီး စျေးနှုန်းအားဖြင့် ၁၈၉,၀၀၀ ကျပ် တိတိ ကျသင့်မှာ ဖြစ်သည်။ အရောင်တွေအနေဖြင့် Diamond Black နှင့် Diamond Blue ဆိုသည့် အရောင် ၂မျိူးအား ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါသည်။