Unicode

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Realme ဟာ အခုနှစ်အတွက် တတိယမြောက် စမတ်ဖုန်းအဖြစ် Realme C2s ကို မိတ်ဆက်လာခဲ့ပါတယ်။ ဒီစမတ်ဖုန်းကိုတော့ X50 5G လိုမျိုး ခမ်းခမ်းနားနားမိတ်ဆက်မလာဘဲ ခပ်ရိုးရိုးပဲ ပွဲထုတ်လာခဲ့ပါတယ်။

Realme C2s ဆိုတဲ့အမည်ကိုကြည့်လိုက်ရင် မူရင်း C2 ဗားရှင်းကို အနည်းငယ်ပြောင်းလဲမှုတွေ ပြုလုပ်လာတဲ့ ဖုန်းအသစ်လို့ အားလုံးက ယူဆမိကြမှာပါ။ တကယ်လည်း ထိုင်းဈေးကွက်အတွက် အနည်းငယ်သာ ပြောင်းလဲပြီး ထွက်ရှိလာခဲ့ပါတယ်။

ဒီဖုန်းမှာ C2 မှာလိုပဲ Helio P22 နဲ့ 6.1” လက်မ HD+ Display တစ်ခု၊ 4,000 mAh ဘက္ထရီတို့ ပါဝင်လာပါတယ်။ မန်မိုရီပိုင်းမှာ 3/32 GB ပါဝင်လာပြီး MicroSD ကတ်နဲ့ 256GB ထိ တိုးချဲ့နိုင်မှာပါ။ ရှေ့ဘက်မှာ 5MP ဆဲလ်ဖီကင်မရာနဲ့ နောက်ဘက်မှာ 13MP + 2MP Dual-camera တို့ကို ထည့်သွင်းလာပါတယ်။

ဆော့ဖ်ဝဲပိုင်းမှာ Realme C2s ဟာ Android Pie အခြေစိုက် ColorOS 6.1 ကို အသုံးပြုလာခဲ့ပြီး Diamond Black ကာလာနဲ့ရရှိနိုင်မှာပါ။ ထူးခြားချက်က သူ့ရဲ့ဈေးနှုန်းသာဖြစ်ပြီး ထိုင်းဘတ် ၁၂၉၀ (မြန်မာငွေ ခြောက်သောင်းကျော်) သာ ကျသင့်မှာဖြစ်ပါတယ်။ ဒီဈေးနှုန်းဟာ မူရင်း C2 ရဲ့ထက်ဝက်လောက်ရှိပါတယ်။

Ref – GSM Arena

Zawgyi

တရုတ္စမတ္ဖုန္းထုတ္္လုပ္သူ Realme ဟာ အခုႏွစ္အတြက္ တတိယေျမာက္ စမတ္ဖုန္းအျဖစ္ Realme C2s ကို မိတ္ဆက္လာခဲ့ပါတယ္။ ဒီစမတ္ဖုန္းကိုေတာ့ X50 5G လိုမ်ဳိး ခမ္းခမ္းနားနားမိတ္ဆက္္မလာဘဲ ခပ္ရုိးရုိးပဲ ပြဲထုတ္လာခဲ့ပါတယ္။

Realme C2s ဆုိတဲ့အမည္ကိုၾကည့္လိုက္ရင္ မူရင္း C2 ဗားရွင္းကို အနည္းငယ္ေျပာင္းလဲမႈေတြ ျပဳလုပ္လာတဲ့ ဖုန္းအသစ္လုိ႔ အားလုံးက ယူဆမိၾကမွာပါ။ တကယ္လည္း ထုိင္းေစ်းကြက္အတြက္္ အနည္းငယ္သာ ေျပာင္းလဲၿပီး ထြက္ရွိလာခဲ့ပါတယ္။

ဒီဖုန္းမွာ C2 မွာလုိပဲ Helio P22 နဲ႔ 6.1” လက္မ HD+ Display တစ္ခု၊ 4,000 mAh ဘကၳရီတုိ႔ ပါဝင္လာပါတယ္။ မန္မုိရီပုိင္းမွာ 3/32 GB ပါဝင္လာၿပီး MicroSD ကတ္နဲ႔ 256GB ထိ တုိးခ်ဲ႕ႏုိင္မွာပါ။ ေရွ႕ဘက္မွာ 5MP ဆဲလ္ဖီကင္မရာနဲ႔ ေနာက္ဘက္မွာ 13MP + 2MP Dual-camera တုိ႔ကို ထည့္သြင္းလာပါတယ္။

ေဆာ့ဖ္ဝဲပုိင္းမွာ Realme C2s ဟာ Android Pie အေျခစုိက္ ColorOS 6.1 ကို အသုံးျပဳလာခဲ့ၿပီး Diamond Black ကာလာနဲ႔ရရွိႏုိင္မွာပါ။ ထူးျခားခ်က္က သူ႕ရဲ႕ေစ်းႏႈန္းသာျဖစ္ၿပီး ထုိင္းဘတ္ ၁၂၉၀ (ျမန္မာေငြ ေျခာက္ေသာင္းေက်ာ္) သာ က်သင့္မွာျဖစ္ပါတယ္။ ဒီေစ်းႏႈန္းဟာ မူရင္း C2 ရဲ႕ထက္ဝက္ေလာက္ရွိပါတယ္။

Ref – GSM Arena