ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက realme C30 ရဲ့ Renders တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် စမတ်ဖုန်းရဲ့ ဒီဇိုင်းပိုင်းကို တွေ့မြင်နိုင်ခဲ့ကြပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲက realme C30 ကို လာမဲ့ ဇွန်လ ၂၀ ရက်နေ့မှာ အိန္ဒိယဈေးကွက်ထဲ စတင်ဖြန့်ချိမယ်လို့ တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

realme C30 မှာ အနည်းဆုံးတော့ အရောင်နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Blue color နဲ့ Green color တို့ ဖြစ်တယ်လို့ သိထားရပါတယ်။ ကုမ္ပဏီကတော့ C30 ရဲ့ Specs sheet အသေးစိတ်ကို အခုထိ မထုတ်ပြန်ပေးသေးပါဘူး။ ဒါပေမဲ့လည်း C30 ကို Unisoc T612 SoC နဲ့ မောင်းနှင်ထားပြီး 5,000mAh ဘက်ထရီ ထောက်ပံ့ထားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် realme C30 ဟာ 8.5mm ထူပြီး အလေးချိန် 182 grams ရှိမယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမဲ့ ဖုန်းရဲ့ Flat design အပြင် အခြားအချက်အလက်တွေကို ဖော်ပြထားခြင်း မရှိတော့ပါဘူး။ လက်ရှိ Renders တွေက ဖုန်းရဲ့အောက်ခြေကို မဖော်ပြထားပေမဲ့ ကနဦးပေါက်ကြားမှုတွေအရ realme C30 ရဲ့ အောက်ခြေမှာ MicroUSB port နဲ့အတူ 3.5mm headphone jack, microphone နဲ့ Speaker တွေ ပါဝင်မယ်လို့ သိထားရပါတယ်။

ကောလာဟလတွေက အခိုင်အမာပြောထားတဲ့အတိုင်းပဲ realme C30 ရဲ့ ကျောဘက်မှာ ကင်မရာတစ်လုံးပဲ တွေ့ရပြီး 13MP sensor လို့ သိရပါတယ်။ အရှေ့ဘက်မှာ တော့ 5MP resolution နဲ့ Selfie ကင်မရာတစ်လုံး တပ်ဆင်ထားတာ ဖြစ်ပါတယ်။ တရားဝင်ဖြန့်ချိဖို့က ရက်ပိုင်းလောက်ပဲလိုတော့တဲ့အတွက် အသေးစိတ်အချက်အလက်ကို စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းရတော့မှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena