realme ဟာ C30 စမတ်ဖုန်းကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး အရင်သတင်းတွေအရ ဇွန်လမှာ ချပြမှာ ဖြစ်ပါတယ်။ အခုတော့ Tipster Mukul Sharma က အဲဒီ ဖုန်းရဲ့ အဓိက Specs တွေကို မျှဝေလိုက်ပါတယ်။

realme C31 with 6.5″ display, Unisoc T612 SoC, 5000mAh battery launched in India starting at Rs. 8999

အရင်သတင်းအရ realme C30 အတွက် 2GB RAM/32GB Storage နဲ့ 3GB RAM/32GB Storage ၂ မျိုး ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ Denim Black, Lake Blue နဲ့ Bamboo Green ဆိုပြီး အရောင် ၃ ရောင် ထွက်လာမှာပါ။

Realme C31 official renders, full specs, and price leaked ahead of launch - Gizmochina

Sharma က realme C30 မှာ ၆.၅၈ လက်မ မျက်နှာပြင်နဲ့ 10W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမယ်လို့ ပြောပါတယ်။ အထူက ၈.၄၈ မီလီမီတာနဲ့ အလေးချိန်က ၁၈၁ ဂရမ် ရှိမှာပါ။ မျက်နှာပြင်က Full HD+ Resolution ရှိမှာ ဖြစ်ပြီး အမည်မသိရသေးတဲ့ Unisoc Chip မောင်းနှင်ထားမှာပါ။

အနောက်ဘက်မှာ 13MP ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ တပ်ဆင်ထားမှာ ဖြစ်ပြီး ဒေါ်လာ ၉၀ ဝန်းကျင်နဲ့ ရောင်းချနိုင်တဲ့အတွက် realme ရဲ့ တန်ဖိုးအနည်းဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ မြန်မာငွေနဲ့တွက်ရင် ၁၆၀,၀၀၀ ဝန်းကျင်ပဲ ရှိမှာပါ။

နာမည်အရ realme C30 ဟာ ဒီနှစ် မတ်လက ကြေညာခဲ့တဲ့ realme C31 ထက် စွမ်းဆောင်ရည် ပိုနိမ့်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ realme C30 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရသေးပြီး မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာမယ်လို့ ထင်ရပါတယ်။

Ref : gizmochina