realme C30 ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ စွမ်းဆောင်ရည်နိမ့် ဖုန်းရဲ့ Specs တွေ မကြာခင်က ပေါက်ကြားခဲ့ပါတယ်။ အခုတော့ realme C30 ရဲ့ ဒီဇိုင်း ဓါတ်ပုံတွေ ပေါက်ကြားလာပြီး ရှုထောင့် ပေါင်းစုံကနေ ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

Realme C30 renders

realme C30 ရဲ့ အရှေ့ဘက်မှာ အရွယ်သေး Notch မျက်နှာပြင် ပါလာပြီး Chin က နည်းနည်း ထူပါတယ်။ ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါခလုတ်တွေ တပ်ဆင်ထားပြီး အောက်ဘက်မှာ စပီကာ၊ microUSB Port ၊ မိုက်ကရိုဖုန်းနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Realme C30 renders

realme C30 ရဲ့ အနောက်ဘက်ဟာ ဒေါင်လိုက်မျဉ်းကြောင်း ဒီဇိုင်း ဖြစ်ပြီး ဘယ်ဘက်ထိပ်မှာ ကင်မရာ ၁ လုံးနဲ့ LED Flash ၁ လုံး ပူးတွဲ ထားပါတယ်။ အပို Macro နဲ့ Depth ကင်မရာတွေ မပါလာတာ မြင်ရပါတယ်။ အခု ပေါက်ကြား ဓါတ်ပုံတွေမှာ အပြာနဲ့ အစိမ်းရောင်တွေကို မြင်ရပြီး Lake Blue နဲ့ Bamboo Green နာမည်နဲ့ ရောင်းချနိုင်ပါတယ်။ Denim Black အရောင်လည်း ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။

Realme C30 renders

အရင်က ပေါက်ကြားသတင်းအရ realme C30 မှာ ၆.၅၈ လက်မ IPS LCD FHD+ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Unisoc Chip သုံးထားနိုင်ပါတယ်။ Chip ရဲ့ အမည် အတိအကျကို မသိရသေးပါဘူး။ 10W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီပါလာမှာ ဖြစ်ပြီး Android Go OS အခြေပြု realme UI မောင်းနှင်ထားမှာပါ။

Realme C30 renders

ဓါတ်ပုံအတွက် 5MP ဆဲလ်ဖီး ကင်မရာနဲ့ 13MP အနောက်ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး 2GB RAM + 32GB Storage နဲ့ 3GB RAM + 32GB Storage ဆိုပြီး ၂ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။ အထူက ၈.၄၈ မီလီမီတာနဲ့ အလေးချိန်က ၁၈၁ ဂရမ် ရှိမှာ ဖြစ်ပြီး အိန္ဒိယမှာ ဒီလထဲ ကြေညာနိုင်ပါတယ်။

Ref : gizmochina