realme ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်လောက်ကပဲ တန်ဖိုးနည်း C35 ကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက ဒါနဲ့တင် မကျေနပ်နိုင်သေးဘဲ realme C31 လို့ အမည်ရတဲ့ ပိုမို ဈေးချိုသာတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specifications တွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပြီး Unisoc T612 Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။

Realme C31 leaks with three cameras and a big battery

realme C31 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး အရွယ်ကြီး ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။ ၆.၅ လက်မ LCD HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး ဒိတ်အောက်နေတဲ့ 60Hz Refresh Rate ပဲ ပါလာမှာပါ။ အမြင့်ဆုံး Brightness က 400 nits ဖြစ်ပြီး Screen-to-body Ratio က ၈၈.၇ ရာခိုင်နှုန်း ရှိမှာပါ။

Realme C31 entry-level smartphone leaks - GSMArena.com news

Unisoc Chipset နဲ့အတူ 3GB RAM / 32GB Storage နဲ့ 4GB RAM / 64GB Storage တို့ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

realme C31 ရဲ့ အနောက်ဘက်မှာ 13MP f/2.2 Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်က Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။

ကောင်းတဲ့အချက်ကို ပြောပါဆိုရင် အရွယ်အစား ကြီးမားတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားတာ ဖြစ်ပြီး အားနည်းချက်က ဒိတ်အောက်နေတဲ့ microUSB Port တပ်ဆင်ထားကာ အားသွင်းနှုန်းက 10W မကျော်ပါဘူး။

Ref : gsmarena