realme Myanmar က realme 30 ကို မိတ်ဆက်ပေးခဲ့ပြီးနောက် ပိုမိုကောင်းမွန်လာသည့် အားသာချက်များနှင့်အတူ realme C33 ကို နောက်ထပ်ထုတ်ကုန်သစ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ “စျေးအတန်ဆုံး 50MP ဖုန်း” ဆိုသည့်အတိုင်း စျေးနှုန်း ၄ သိန်း အောက်တွင် အကောင်းဆုံး 50MP CHDR ကင်မရာ ပါဝင်သည့်အပြင် ရင်ခုန်စွဲမက်ဖွယ်ရာ Boundless Sea Design မျိုးအဖြစ်ဖန်တီးထားသည်။

realme C33 ဒီဇိုင်းသည် ပင်လယ်ပြင်၏ အကန့်အသတ်မဲ့ အလှတရားကို စိတ်ကူးပုံဖော် ဒီဇိုင်းဖန်တီးထားသည့် ရင်ခုန်စွဲမက်ဖွယ်ရာ Boundless Sea Design ဖြစ်သောကြောင့် ပင်လယ်ဘက်ဆီသို့ ခရီးသွားနေရသည့် ခံစားချက်မျိုးရရှိစေမှာဖြစ်သည်။ မတူညီသည့် ရှုထောင့်အမျိုးမျိုးက ကြည့်မည်ဆိုလျှင် realme C33 မှာ ရုပ်ကြွအလင်းသက်ရောက်မှုမျိုးအဖြစ်တွေ့မြင်ရမည်ဖြစ်သည်။

အလင်းရောင်ပြန်နေသော သဲမှုန်မျက်နှာပြင်နှင့် တစ်ဖျက်ဖျက်တောက်ပနေသော အပေါ်ယံအလွှာတို့ဖြင့်ဖုံးအုပ်ထားခြင်းကြောင့် ပိုမိုကြည်လင် ဖောက်မြင်နိုင် သော ရေစီးဆင်းနေသည့်အသွင်မျိုးအဖြစ် ပေးစွမ်းစေနိုင်မည်ဖြစ်သည်။

realme C33 ၏ အားသာချက်များထဲက တစ်ခုမှာ အကောင်းဆုံး 50MP CHDR ကင်မရာ ပါဝင်ခြင်းဖြစ်သည်။ ပုံမှန် HDR အလင်းအမှောင်ချိန်ညှိမှုများထပ် ပိုမိုကောင်းမွန်သည့် advanced CHDR algorithm နည်းပညာပါဝင်သဖြင့် 50MP Mode တွင် HDR စနစ် ဖွင့်ပြီး ပုံရိုက်ကူးသည့်အခါများမှာ နောက်ခံဖြူခြင်း၊ ဝေဝါးခြင်း မရှိသည့်အပြင်၊ ပိုမိုကြည်လင်ပြတ်သားသည့် ဖမ်းယူလုပ်ဆောင်ခြင်းများကို ရရှိစေမှာဖြစ်သည်။

realme C33 တွင် စွမ်းဆောင်ရည်မြင့် Unisoc T612 processor ပါဝင်သည်။ ပရီမီယမ် 2D composite PC နှင့် PMMA ဖြင့်ဖွဲ့စည်းထားသည်။ အလွန်ပါးလွှာသည့် ၈.၃ မီလီမီတာ အထူရှိပြီး လှပသပ်ရပ်သော ထောင့်မှန်ဘေးဘောင်များ ကြောင့် ကျစ်လျစ်ပြီးသက်သောင့်သက်သာ ကိုင်တွယ်အသုံးပြုနိုင်သည်။ လျင်မြန်သော ဘေးဘက်ခလုပ် လက်ဗွေဖတ်စနစ် နှင့်အတူ ၆.၅လက်မ မြင်ကွင်းကျယ် မျက်နှာပြင်၊ ကြီးမားသော 5000 mAh ဘက်ထရီ ပါဝင်သောကြောင့် တစ်နေ့တာစိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ပျော်ရွှင်စရာ ကမ်းခြေခရီးသို့ သွားနေသည့်အလား Aqua Blue နှင့် တည်ငြိမ်ထူးခြားသည့် Night Sea ဆိုပြီး အရောင်နှစ်မျိုးထဲမှ ရွေးချယ်နိုင်မှာ ဖြစ်သည်။ မြန်မာပြည်စျေးကွက်တွင် 3+32 နှင့် 4+64 နှစ်မျိုး ရောင်းချသွားရန် စီစဥ်ထားသည်။