realme C35 ကို ပြီးခဲ့တဲ့လက NBTC မှာ မှတ်ပုံတင်ခဲ့ပြီး ဒီလ ၁၀ ရက်နေ့ ကြေညာမှာပါ။ realme Thailand က ဒီသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပြီး Facebook နဲ့ Instagram အကောင့်တွေမှာ အဲဒီဖုန်းရဲ့ အဓိက Specs နဲ့ ဒီဇိုင်းတွေကို မျှဝေထားပါတယ်။

Realme C35 is coming on February 10, design and key specs revealed

realme C35 မှာ ပြားချပ်တဲ့ ဖရိမ် တပ်ဆင်ထားပြီး ဓါတ်ပုံမှာ အစိမ်းရောင် မော်ဒယ်ကို  မြင်ရပါတယ်။ တခြား အရောင်တွေလည်း ထုတ်လုပ်ထားနိုင်ပြီး အနောက်ဘက်မှာ 50MP အပါအဝင် ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

၆.၆ လက်မ FullHD မျက်နှာပြင်နဲ့ Unisoc T616 SoC ထည့်သွင်းထားပြီး realme က OS ၊ RAM နဲ့ Storage သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ဒါပေမယ့် Geekbench က စာရင်းအရ Android 11 (realme UI 2.0 အခြေပြု ဖြစ်နိုင်ပါတယ်။ ) နဲ့ 4GB RAM ပါလာနိုင်ပြီး RAM ပိုများတဲ့ မော်ဒယ်တွေလည်း ထွက်လာနိုင်ပါတယ်။

realme C35 မှာ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ USB-C Port ပါလာမှာ ဖြစ်ပြီး 18W Charging အထိ ထောက်ပံ့ထားမှာပါ။ 3.5mm Headphone Jack တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို ညာဘက်ဘေးက ပါဝါခလုတ်အောက်မှာ မြှပ်နှံထားမှာပါ။ အသံခလုတ်နဲ့ SIM Card Slot ကို ဘယ်ဘက်ခြမ်းမှာ ထည့်သွင်းထားပါတယ်။

realme က တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ Specs တွေကို ထပ်မံ မျှဝေမယ်လို့ ထင်ရပါတယ်။

Ref : gsmarena