realme ဟာ 50MP အဓိကကင်မရာတပ်ဆင်ထားတဲ့ realme C35 ကို စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဈေးကွက်ထဲကိုပို့ဆောင်လိုက်တဲ့ ဒီစမတ်ဖုန်းသစ်ဟာ ဈေးနှုန်းချိုသာပြီး ကြီးမားတဲ့မျက်နှာပြင်၊ ကြီးမားတဲ့ဘက်ထရီတို့ ပါဝင်တာကိုလည်း တွေ့ရပါတယ်။

realme C35 ဟာ 6.6-inch LCD မျက်နှာပြင်နဲ့ဖြစ်ပြီး Full HD+ resolution နဲ့ 180Hz touch sampling rate ကိုလည်း ထောက်ပံ့ထားပါသေးတယ်။ ဒါပေမဲ့ Refreshing ပိုင်းမှာတော့ ဘာမှထူးထူးခြားခြား ပြောပလောက်စရာကို ရှိမနေတာ ဖြစ်ပါတယ်။ Waterdrop notch ထဲမှာတော့ 8MP selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားပါတယ်။

ကျောဘက်မှာတော့ အဓိကကင်မရာအဖြစ် 50MP snapper ကို တပ်ဆင်ထားပြီး ကျန်တဲ့ကင်မရာတွေကတော့ 2MP macro နဲ့ 2MP depth (VGA B&W) sensor တို့ပဲ ဖြစ်ကြပါတယ်။ ဘေးဘက်မှာတော့ Fingerprint scanner တပ်ဆင်ပေးထားသလို ပါဝါခလုတ်လည်းရှိနေပါတယ်။ အောက်ခြေမှာတော့ 3.5mm audio jack ပေါက်ပါဝင်ပါတယ်။

USB-C ပေါက်နဲ့အတူ 5,000mAh ဘက်ထရီကို 18W မြန်နှုန်းနဲ့ အားသွင်းနိုင်မှာလည်း ဖြစ်ပါတယ်။ 2GHz အထိရှိတဲ့ Octa-core CPU ပါရှိတဲ့ Unisoc T616 chipset ကို တပ်ဆင်ထားပါတယ်။ 4/64GB ဗားရှင်းအတွက်ဈေးနှုန်းက THB 5,799 ($175/€155) ဖြစ်ပြီး 4/128GB storage ဆိုရင်တော့ THB 6,299 ($190/€170) ဖြစ်ပါတယ်။

Ref: GSM Arena