realme Myanmar က မိမိုက်လှပသည့်စမတ်ဖုန်းဒီဇိုင်းမျိုးကို သဘောကျနှစ်သက်သည့် လူငယ်သုံးစွဲသူများ “ဒီဇိုင်းလှလှ အထာကျကျ” ဆိုသည့်ထုတ်ကုန်ဆောင်ပုဒ်နှင့် ပွဲထွက်လာမည့် realme C35 ကို လာမည့်မေလဆန်းပိုင်းတွင် တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး realme ကထုတ်လုပ်ခဲ့သည့် C Series ထုတ်ကုန်များထဲတွင် အထူးခြားဆုံး ဒီဇိုင်းပိုင်းပြောင်းလဲမှုအဖြစ် realme C35 ကို ထိတွေ့ခံစားရစေမည်ဖြစ်သည်။

realme C35 တွင် ဒီဇိုင်းပိုင်းကို ထူးခြားဆန်းသစ်မှုရှိစေရန်အတွက် ဘေးဘောင်များကိုထောင့်မတ်ကျသည့်ပုံစံအဖြစ်ဖန်တီးပေးထားသလို အလွန်ပါးလွှာသော ၈.၁မီလီမီတာအထူသာရှိသည့်အတွက် ကျစ်လျစ်ပေါ့ပါးမှုကိုပါ တစ်ပြိုင်နက်တည်းခံစားနိုင်စေမည်ဖြစ်သည်။

Multimedia သုံးစွဲမှုအပိုင်းကို အလေးပေးထားသည့်အချက်ကြောင့်လည်း ကြီးမားကျယ်ပြန့်သော 6.6 လက်မ မျက်နှာပြင်တွင် FullHD မျက်နှာပြင်အပြည့်ရုပ်ထွက်အရည်အသွေးကိုပါ ခံစားရမည်ဖြစ်သည်။ ဓာတ်ပုံရိုက်ကူးမှုအတွက်လည်း 50MP ပင်မကင်မရာနှင့်အတူ AI ကင်မရာ ၃လုံးစနစ်ကိုပါ အသုံးပြုနိုင်စေမည်ဖြစ်သည်။ ရှေ့ဘက်ကင်မရာပိုင်းအတွက် အဆင့်မြင့် Sony Sensor ကိုအသုံးပြုပေးထားသည့် 8MP AI ကင်မရာစနစ်ကိုပါတပ်ဆင်ပေးထားခြင်းဖြစ်သည်။

realme C35 တွင် တစ်နေ့တာလုံးစိတ်ကြိုက်သုံးနိုင်စေမည့် 5000mAh ဘက်ထရီနှင့်အတူ 18W အမြန်အားသွင်းစနစ်ကိုပါထောက်ပံ့ပေးထားမည်ဖြစ်သည်။ realme C35 ကို 4GB+64GB နှင့် 4GB+128GB version ၂မျိုးကို တင်သွင်းရောင်းချပေးသွားမည်ဖြစ်ပြီး အရောင်းပိုင်းအတွက် ကြွရွတောက်ပသည့်ဒီဇိုင်းမျိုးအဖြစ် Glowing Green နှင့် Glowing Black ၂ရောင်ကိုရွေးချယ်နိုင်မည်ဖြစ်သည်။

Press Release – realme