realme က မလေးရှားမှာ တန်ဖိုးနည်း C53 ကို ကြေညာလိုက်ပြီး 6/128GB Version ကို ၁၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Realme C53 launches in Malaysia with a 6.74'' display and 5,000mAh battery

realme C53 ရဲ့ ဒီဇိုင်းဟာ အိန္ဒိယမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကြေညာထားတဲ့ realme Narzo N53 နဲ့ တူပါတယ်။ realme C53 မှာ 6.74” LCD 90Hz မျက်နှာပြင် တပ်ဆင်ထားပြီး 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး Dynamic Island လို realme UI ပါပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Realme C53 launches in Malaysia with a 6.74'' display and 5,000mAh battery

အနောက်ဘက်မှာ 50MP ကင်မရာ ပါလာပြီး 1080p 30fps Video ရိုက်ကူးနိုင်ပါတယ်။ ပင်မ ကင်မရာနဲ့အတူ Depth Sensor ၁ လုံး အားဖြည့်ထားပါတယ်။

Realme C53 launches in Malaysia with a 6.74'' display and 5,000mAh battery

အရွယ်အစား အပြည့်အစုံက 167.3×76.7mm ပဲရှိတဲ့အတွက် ပါးလွှာ ပေါ့ပါးပြီး အထူက ၇.၅ မီလီမီတာနဲ့ အလေးချိန်က ၁၈၂ ဂရမ် ရှိပါတယ်။ 5,000mAh Battery ပါလာပြီး 33W SuperVOOC Charging ထောက်ပံ့ထားပါတယ်။ ၃၁ မိနစ်အတွင်း ၁ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး နားကြပ်ပေါက်ပါပါတယ်။

Realme C53 launches in Malaysia with a 6.74'' display and 5,000mAh battery

Unisoc T612 12nm Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 12GB Virtual RAM ပါပါတယ်။ 128GB Storage ကို microSD Card နဲ့ တိုးမြှင့်နိုင်ပြီး Dual-SIM 4G ဖုန်း ဖြစ်ပါတယ်။ Champion Gold နဲ့ Mighty Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena