ကတိပေးထားတဲ့အတိုင်း realme က Apple Dynamic Island နဲ့တူတဲ့ Mini Capsule ပါတဲ့ realme C55 ကို ကြေညာလိုက်ပြီး အဲဒီလုပ်ဆောင်ချက်ပါတဲ့ realme ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Mini Capsule မှာ ဘက်ထရီ အားနည်းတဲ့ သတိပေးချက်၊ ဖုန်းရဲ့ အားသွင်းမှု အခြေအနေနဲ့ ဒေတာ စားသုံးမှုတွေကို ပြသပေးပါတယ်။ လမ်းလျှောက်တဲ့ ခြေလှမ်းနဲ့ အကွာအဝေးတွေကိုလည်း ကြည့်နိုင်မှာပါ။

Realme C55 with Apple's Dynamic Island-like Mini Capsule launched

realme C55 ဟာ 33W SuperVOOC Charging ပါတဲ့ ပထမဆုံး C Series ဖြစ်ပြီး C35 ရဲ့ 18W ထက် တိုးတက်လာပါတယ်။ Helio G88 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

realme C55 မှာ 6.72” FullHD+ 90Hz မျက်နှာပြင် တပ်ဆင်ထားပြီး 680 Nits Brightness ထောက်ပံ့ထားပါတယ်။ လက်ဗွေရာ ကိရိယာကို ညာဘက်က ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 64MP Main , Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ USB-C ၊ နားကြပ်ပေါက်နဲ့ NFC ထည့်သွင်းထားပြီး အထူက ၇.၈၉ မီလီမီတာ ရှိပါတယ်။

realme C55 အတွက် Rainy Night နဲ့ Sunshower အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၁၆၀ ဒေါ်လာနဲ့ 8/256GB ကို ၁၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena