realme ဟာ လာမယ့် မတ်လ ၇ ရက်နေ့မှာ realme C55 ဖုန်းကို တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ realme C55 ဖုန်းဟာ ထူးခြားချက်တစ်ခုရှိနေပြီး ဒါက Apple ကနေ လက်ရှိ iPhone 14 Pro ဖုန်းတွေမှာ အသုံးပြုနေတဲ့ Dynamic Island ပုံစံ Feature ကို အသုံးပြုလာမှာပါ။

Specification ပိုင်းမှာ realme C55 ဖုန်းဟာ MediaTek Helio G88 Chipset ကို အသုံးပြုထားပြီး RAM 6GB + 128GB သို့မဟုတ် RAM 8GB + 256GB ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Virual RAM အနေနဲ့ အမြင့်ဆုံး 8GB အထိ ထောက်ပံ့ပေးထားသလို Storage ထပ်မံတိုးချဲ့ဖို့အတွက် MicroSD Card Slot ကနေ 1TB အထိ တိုးချဲ့နိုင်မှာပါ။

Display ပိုင်းမှာ 6.72-inch Full HD+ 90Hz Display ပါဝင်မှာဖြစ်ပြီး 680nits Peak Brightness ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Selfie Camera အတွက် 8MP Sensor ကို Punch-hole Design ထည့်သွင်းပေးထားပြီး Apple ရဲ့ Dynamic Island ပုံစံ ဒီဇိုင်းပြုလုပ်ထားပါတယ်။

အဆိုပါ Selfie Camera ဘေးပတ်လည်မှာ Dynamic Island ပုံစံ Notification တွေ၊ Charging Status တွေ ဖော်ပြပေးမှာဖြစ်ပြီး realme က နာမည်ကို Mini Capsule လို့ ပေးထားပါတယ်။ နောက်ပိုင်းမှာ အဆိုပါ Mini Capsule မှာ Data အများအပြားကို ဖော်ပြနိုင်ဖို့အတွက် Update ပြုလုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။

Back Camera Setup အတွက် 64MP Main Camera ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Battery ပိုင်းအတွက် 33W Fast Charging ကိုထောက်ပံ့ပေးထားတဲ့ 5000mAh Battery ကို ထည့်သွင်းပေးထားမှာပါ။ Fingerprint Sensor ကို ဘေးဘက် Power Button မှာ ထည့်သွင်းထားပြီး အရောင်အနေနဲ့ Rainy Night နဲ့ Sunshower ဆိုပြီး ၂ မျိုးထုတ်ထားမှာဖြစ်ပါတယ်။

Ref – GSM Arena