realme ဟာ သက်တမ်း ၃ နှစ် မပြည့်ခင်မှာပဲ သုံးစွဲသူ သန်း ၅၀ ပြည့်သွားတဲ့ သမိုင်းမှတ်တိုင် ၁ ခုကို စိုက်နိုင်ခဲ့ပါပြီ။ အရမ်းကို တိုးတက်လာတဲ့ နည်းပညာ ကုမ္ပဏီ ဖြစ်ပြီး စမတ်ဖုန်း နယ်ပယ်မှာတော့ အတိုးတက်ဆုံးလို့ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ အခုတော့ realme ဟာ သုံးစွဲသူ သန်း ၅၀ ပြည့်သွားတဲ့ အထိမ်းအမှတ် အနေနဲ့ ကုမ္ပဏီရဲ့ သမိုင်းကြောင်းတွေ၊ အောင်မြင်မှုတွေအကြောင်းကို Website မှာ အကျယ်တဝင့် ဂုဏ်ယူဝံ့ကြွားစွာ ရေးသားဖော်ပြလာပါတယ်။

၂၀၁၈ ခုနှစ် မေလဟာ realme ရဲ့  ပထမဆုံး သမိုင်းမှတ်တိုင်လို့ ဆိုရမှာ ဖြစ်ပြီး realme 1 ကို စတင် ကြေညာခဲ့ပါတယ်။ ပထမဆုံး ဖုန်းဟာ အရမ်းကို အောင်မြင်ခဲ့ပြီးနောက်မှာ realme ဟာ X50 Pro 5G လို စွမ်းရည်မြင့် ဖုန်းတွေ အပါအဝင် ဖုန်းမျိုးစုံကို ထုတ်လုပ်ရောင်းချလာခဲ့ပါတယ်။

အခုဆိုရင် realme ဟာ စမတ်ဖုန်း အပြင် စမတ်နာရီ၊ စမတ်လက်ပတ်နဲ့ ကြိုးမဲ့နားကြပ် နယ်ပယ်တွေကို ချဲ့ထွင်လာပါတယ်။ realme Buds , realme Band နဲ့ realme Watch တို့ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒီနှစ် မေလမှာ realme Smart TV နဲ့ ပထမဆုံး အကြိမ် အဖြစ် Smart TV နယ်ပယ်ကို ဝင်ရောက်ယှဉ်ပြိုင်လာပါတယ်။ ပြီးခဲ့တဲ့ လမှာတော့ realme Smart TV SLED 4K ကို ချပြခဲ့ပါတယ်။

realme ရဲ့ သမိုင်းကြောင်း အပြည့်အစုံကို Website မှာ ဒီလင့် ကနေ လေ့လာနိုင်ပါတယ်။

Ref : gsmarena