realme ဟာ Snapdragon 888 Chipset ပါတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ အဲဒီစမတ်ဖုန်းရဲ့ လျှို့ဝှက်နာမည်ဟာ realme Race ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Series အသစ် ဖြစ်မယ်လို့ ထင်ရပေမယ့် X Series တွေရဲ့ ဒီဇိုင်းနဲ့ တော်တော် ဆင်တူမှာပါ။

realme Europe နဲ့ India ရဲ့ စီအီးအို ဖြစ်သူ Madhav က တွစ်တာမှာ “X is the future” နဲ့ “Xcited” လို့ ရေးသားထားပါတယ်။ အဲဒီအတွက် X Series စမတ်ဖုန်း အသစ်ဖြစ်မှာ သေချာပါတယ်။

Realme X launched with 48MP camera and Snapdragon 710; here are price, specifications

realme X ဟာ realme Race နဲ့ မတူညီဘူးဆိုတာ သိထားပြီးပါပြီ။ ပြီးခဲ့တဲ့နှစ်ထုတ် realme X7 Series တွေမှာ MediaTek Chipset ထည့်သွင်းထားကြပြီး နောက်ထုတ်မယ့် X9 မှာလည်း အဲဒီကုမ္ပဏီက Chipset ပဲ ထည့်သွင်းထားမယ်လို့ ထင်ပါတယ်။ ထိုင်ဝမ် ကုမ္ပဏီက အဲဒီ Chipset ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး မိတ်ဆက်ပွဲပြီးနောက်မှာ realme ရဲ့ အဲဒီ စမတ်ဖုန်းနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena