[Zawgyi]

တရုတ္မွာ အေနာက္ကင္မရာ ၄ လံုးပါတဲ့ Realme Q Smartphone ကို စက္တင္ဘာလ ၅ ရက္မွာ ေၾကညာမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ Realme Q ဟာ တရုတ္ အတြက္ Realme 5 Pro ရဲ႕ ေမာ္ဒယ္ခြဲ ျဖစ္ႏုိင္ပါတယ္။ ၿပီးခဲ့တဲ့ ၁ ပတ္က ထြက္ေပၚခဲ့တဲ့ Realme Q ရဲ႕ Hands-on Images ေတြကလည္း ဒီသတင္းကို အတည္ျပဳထားပါတယ္။ အခုေတာ့ ကုမၸဏီရဲ႕ CMO က ၀ီဘိုမွာ အဲဒီ စမတ္ဖုန္းရဲ႕ Specs ေတြကို မွ်ေ၀လိုက္ပါတယ္။

သူက Realme Q မွာ 20W VOOC Fast Charging နည္းပညာ ပါမယ့္ 4,035mAh Battery ထည့္သြင္းထားမွာ ျဖစ္ၿပီး USB Type-C Port ကေန အားသြင္းႏိုင္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ UFS 2.1 High-speed Flash Memory ပါမယ္လို႔ သူက ေျပာပါတယ္။

ကုမၸဏီက အဲဒီ စမတ္ဖုန္းရဲ႕ အေနာက္ကင္မရာ ၄ လံုးထဲမွာ 48MP Sony IMX586 Main Camera ပါမယ္လို႔ အတည္ျပဳထားပါတယ္။ ဒါ့အျပင္ Realme 5 Pro မွာလို Snapdragon 712 Processor ထည့္သြင္းထားမယ္လို႔ ေျပာထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ Android 9 Pie အေျချပဳ ColorOS 6 ပါလာမွာပါ။ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကို လာမယ့္ ရက္ပိုင္းမွာ သိရေတာ့မွာပါ။

Realme က တရုတ္မွာ Realme X နဲ႔ X Lite တို႔ကို ေရာင္းခ်ထားပါတယ္။ Realme X ဟာ Pop-up Front Camera ပါတဲ့ စမတ္ဖုန္း ျဖစ္ၿပီး X Lite ကေတာ့ တရုတ္အတြက္ Realme 3 Pro ကို နာမည္ေျပာင္းထားတဲ့ စမတ္ဖုန္းပါ။

Ref : gizmochina

[Unicode]

Realme Q Smartphone ရဲ့ Specs တွေကို ကုမ္ပဏီ မျှေ၀

တရုတ်မှာ အနောက်ကင်မရာ ၄ လုံးပါတဲ့ Realme Q Smartphone ကို စက်တင်ဘာလ ၅ ရက်မှာ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Realme Q ဟာ တရုတ် အတွက် Realme 5 Pro ရဲ့ မော်ဒယ်ခွဲ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က ထွက်ပေါ်ခဲ့တဲ့ Realme Q ရဲ့ Hands-on Images တွေကလည်း ဒီသတင်းကို အတည်ပြုထားပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ CMO က ဝီဘိုမှာ အဲဒီ စမတ်ဖုန်းရဲ့ Specs တွေကို မျှဝေလိုက်ပါတယ်။

သူက Realme Q မှာ 20W VOOC Fast Charging နည်းပညာ ပါမယ့် 4,035mAh Battery ထည့်သွင်းထားမှာ ဖြစ်ပြီး USB Type-C Port ကနေ အားသွင်းနိုင်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် UFS 2.1 High-speed Flash Memory ပါမယ်လို့ သူက ပြောပါတယ်။

ကုမ္ပဏီက အဲဒီ စမတ်ဖုန်းရဲ့ အနောက်ကင်မရာ ၄ လုံးထဲမှာ 48MP Sony IMX586 Main Camera ပါမယ်လို့ အတည်ပြုထားပါတယ်။ ဒါ့အပြင် Realme 5 Pro မှာလို Snapdragon 712 Processor ထည့်သွင်းထားမယ်လို့ ပြောထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ Android 9 Pie အခြေပြု ColorOS 6 ပါလာမှာပါ။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို လာမယ့် ရက်ပိုင်းမှာ သိရတော့မှာပါ။

Realme က တရုတ်မှာ Realme X နဲ့ X Lite တို့ကို ရောင်းချထားပါတယ်။ Realme X ဟာ Pop-up Front Camera ပါတဲ့ စမတ်ဖုန်း ဖြစ်ပြီး X Lite ကတော့ တရုတ်အတွက် Realme 3 Pro ကို နာမည်ပြောင်းထားတဲ့ စမတ်ဖုန်းပါ။

Ref : gizmochina