[Zawgyi]

Realme အမွတ္တံဆိပ္ဟာ မၾကာခင္က တရုတ္ဆုိရွယ္အေကာင့္ေတြ ဖန္တီးခဲ့ၿပီးေနာက္ ယေန႔မွာ သူတုိ႔ရဲ႕ ဇာတိေျမေစ်းကြက္ကို တရားဝင္အေျခခ်လာဖို႔ စတင္လုိက္ပါၿပီ။ ဒီလိုဝင္ေရာက္လာတာကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ကုမၸဏီဟာ ေမလ ၃ ရက္ေန႔မတုိင္ခင္ သူတုိ႔ကို Subscribe လုပ္တဲ့သူေတြကို စမတ္ဖုန္းနဲ႔ အျခားအရာမ်ား လက္ေဆာင္ေပးမွာျဖစ္ပါတယ္။

ဒီ့ေနာက္မွာေတာ့ တရားဝင္မိတ္ဆက္ပြဲ သုိ႔မဟုတ္ တရုတ္ျပည္တြင္းေစ်းကြက္အတြက္ စမတ္ဖုန္းထုတ္ကုန္မိတ္ဆက္ပြဲ တစ္ခုခုကို ျမင္ေတြ႕ရမွာပါ။

Realme အမွတ္တံဆိပ္ဟာ မိခင္ကုမၸဏီ Oppo ဆီကေန ၿပီးခဲ့တဲ့ေႏြရာသီမွာ ခြဲထြက္သြားခဲ့တာျဖစ္ၿပီး ထုိင္ဝမ္ အပါအဝင္ အာရွပစိဖိတ္ေစ်းကြက္ထဲမွာ က်င္လည္ခဲ့ေပမယ့္ ျပည္မႀကီးေစ်းကြက္ကိုေတာ့ မဝင္ရေသးပါဘူး။ သူတုိ႔ရဲ႕ေနာက္ဆုံးထုတ္ကုန္ေတြက Snapdragon 710 အသုံးျပဳထားတဲ့ Realme 3 နဲ႔ မၾကာခင္က အိႏၵိယမွာ ေဒၚလာ ၂၀၀ ဝန္းက်င္နဲ႔မိတ္ဆက္ခဲ့တဲ့ Realme C2 စမတ္ဖုန္းတုိ႔ျဖစ္ပါတယ္။

အခုလို တရုတ္ေစ်းကြက္ထဲကို ဝင္ေရာက္လာတဲ့အတြက္ ျပည္တြင္းေစ်းကြက္မွာ ဘယ္လိုထုတ္ကုန္ကို စတင္မိတ္ဆက္လာမလဲ၊ ရွိၿပီးသားဖုန္းေတြကို ျပင္ဆင္ေျပာင္းလဲၿပီး မိတ္ဆက္လာမလားဆုိတာ စိတ္ဝင္စားစရာ တစ္ခုပါပဲ။

တရုတ္ေစ်းကြက္ထဲမွာ Oppo နဲ႔ Realme အမွတ္တံဆိပ္ႏွစ္ခုကို အတူထားရွိတာဟာ ထူးေတာ့ မထူးျခားလွပါဘူး။ Huawei နဲ႔ Honor ဖုန္းေတြဟာ အေရာင္းဆုိင္ေတြမွာ ေဘးခ်င္းကပ္လ်က္ တည္ရွိေနသလို ZTE နဲ႔ Nubia ဖုန္းေတြကလည္း တရုတ္ျပည္တြင္းေစ်းကြက္မွာ အတူျဖန္႔ခ်ိေနဆဲပါ။ ပရိသတ္ အခုိင္အမာရၿပီးသားျဖစ္ေနတဲ့ အျခားတရုတ္ျပည္တြင္းအမွတ္တံဆိပ္ေတြကို ယွဥ္ၿပိဳင္ဖို႔အတြက္ ဘယ္လိုျပင္ဆင္လာမလဲဆုိတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Realme အမှတ်တံဆိပ်ဟာ မကြာခင်က တရုတ်ဆိုရှယ်အကောင့်တွေ ဖန်တီးခဲ့ပြီးနောက် ယနေ့မှာ သူတို့ရဲ့ ဇာတိမြေဈေးကွက်ကို တရားဝင်အခြေချလာဖို့ စတင်လိုက်ပါပြီ။ ဒီလိုဝင်ရောက်လာတာကို ဂုဏ်ပြုတဲ့ အနေနဲ့ ကုမ္ပဏီဟာ မေလ ၃ ရက်နေ့မတိုင်ခင် သူတို့ကို Subscribe လုပ်တဲ့သူတွေကို စမတ်ဖုန်းနဲ့ အခြားအရာများ လက်ဆောင်ပေးမှာဖြစ်ပါတယ်။

ဒီ့နောက်မှာတော့ တရားဝင်မိတ်ဆက်ပွဲ သို့မဟုတ် တရုတ်ပြည်တွင်းဈေးကွက်အတွက် စမတ်ဖုန်းထုတ်ကုန်မိတ်ဆက်ပွဲ တစ်ခုခုကို မြင်တွေ့ရမှာပါ။

Realme အမှတ်တံဆိပ်ဟာ မိခင်ကုမ္ပဏီ Oppo ဆီကနေ ပြီးခဲ့တဲ့နွေရာသီမှာ ခွဲထွက်သွားခဲ့တာဖြစ်ပြီး ထိုင်ဝမ် အပါအဝင် အာရှပစိဖိတ်ဈေးကွက်ထဲမှာ ကျင်လည်ခဲ့ပေမယ့် ပြည်မကြီးဈေးကွက်ကိုတော့ မဝင်ရသေးပါဘူး။ သူတို့ရဲ့နောက်ဆုံးထုတ်ကုန်တွေက Snapdragon 710 အသုံးပြုထားတဲ့ Realme 3 နဲ့ မကြာခင်က အိန္ဒိယမှာ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့မိတ်ဆက်ခဲ့တဲ့ Realme C2 စမတ်ဖုန်းတို့ဖြစ်ပါတယ်။

အခုလို တရုတ်ဈေးကွက်ထဲကို ဝင်ရောက်လာတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ ဘယ်လိုထုတ်ကုန်ကို စတင်မိတ်ဆက်လာမလဲ၊ ရှိပြီးသားဖုန်းတွေကို ပြင်ဆင်ပြောင်းလဲပြီး မိတ်ဆက်လာမလားဆိုတာ စိတ်ဝင်စားစရာ တစ်ခုပါပဲ။

တရုတ်ဈေးကွက်ထဲမှာ Oppo နဲ့ Realme အမှတ်တံဆိပ်နှစ်ခုကို အတူထားရှိတာဟာ ထူးတော့ မထူးခြားလှပါဘူး။ Huawei နဲ့ Honor ဖုန်းတွေဟာ အရောင်းဆိုင်တွေမှာ ဘေးချင်းကပ်လျက် တည်ရှိနေသလို ZTE နဲ့ Nubia ဖုန်းတွေကလည်း တရုတ်ပြည်တွင်းဈေးကွက်မှာ အတူဖြန့်ချိနေဆဲပါ။ ပရိသတ် အခိုင်အမာရပြီးသားဖြစ်နေတဲ့ အခြားတရုတ်ပြည်တွင်းအမှတ်တံဆိပ်တွေကို ယှဉ်ပြိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena