MWC Event ပျက်သွားပေမယ့် တချို့ကုမ္ပဏီတွေက စီစဉ်ထားတဲ့ အတိုင်း မိတ်ဆက်ပွဲကျင်းပကြမှာပါ။ Realme က အဲဒီ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပြီး လာမယ့် ၂၄ ရက်နေ့မှာ အွန်လိုင်းကနေ Realme X50 Pro ကို မိတ်ဆက်မှာပါ။

Realme confirms 20X zoom quad cameras on X50 Pro’s preview site

လက်ရှိမှာ Realme က X50 Pro ရဲ့ ဝက်ဘ်စာမျက်နှာကို လွှင့်တင်ထားပြီး အဲဒီ ဖုန်းရဲ့ လုပ်ဆောင်ချက် တစ်ချို့ကို ဖော်ပြထားပါတယ်။ အခုလည်း ကုမ္ပဏီက ဓါတ်ပုံ ၁ ပုံကို တင်လိုက်ပြီး အဲဒီဖုန်းမှာ 20X Zoom ထောက်ပံ့တဲ့ Quad ကင်မရာတွေ ပါမယ်လို့ အတည်ပြုထားပါတယ်။

Realme confirms 20X zoom quad cameras on X50 Pro’s preview site

အပေါ်က ပုံမှာ ဖေဖော်ဝါရီ ၁၈ နဲ့ ၁၉ ရက်တွေမှာ လာဦးမယ်လို့ ဖော်ပြထားတဲ့အတွက် နောက်ထပ် Teaser ဓါတ်ပုံ ၂ ပုံကို ထပ်မံပြသဖို့ ရှိတယ်ဆိုတာကို ဆိုလိုချင်တာ ဖြစ်နိုင်ပါတယ်။ Realme က Teaser တွေနဲ့ Fans တွေ စိတ်ဝင်စားအောင် ပြုလုပ်ပေးနေတာပါ။

ဝက်ဘ်ဆိုက်မှာ အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေအရ Realme X50 Pro မှာ Dual Mode 5G ပါတဲ့ Snapdragon 865 Chipset မောင်းနှင်ထားပြီး 90Hz AMOLED မျက်နှာပြင်နဲ့ SuperDart Charge လို့ခေါ်တဲ့ 65W Fast Charging ပါလာမှာပါ။ Realme UI အသစ်ကိုလည်း ထည့်သွင်းထားမှာဖြစ်ပြီး လာမယ့်ရက်တွေမှာ Teaser အသစ်တွေကို မြင်ရမှာပါ။

Ref : gsmarena