Realme က ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် Mobile World Congress (MWC) နည်းပညာ ပြပွဲမှာ ပါဝင်ပြသမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး စမတ် တီဗီကို ချပြတော့မှာပါ။ ဒီထပ် ပိုစိတ်ဝင်စားစရာကောင်းတာက Realme ဟာ 5G ဆက်သွယ်မှုပါတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ၁ လုံးကိုပါ မိတ်ဆက်မှာ ဖြစ်ပါတယ်။

Realme ရဲ့ ဥရောပ ဌာနခွဲက ဒီသတင်းကို တွစ်တာကနေ အတည်ပြုလိုက်တာ ဖြစ်ပြီး “Hey MWC, it’s realme! We are ready to be the 5G Populariser.” ဆိုတဲ့ စာသားကို ရေးသားထားပြီး ဓါတ်ပုံမှာ “New Player realme MWC Debut” စာသားကို ဖော်ပြထားပါတယ်။ MWC မှာ 5G စမတ်ဖုန်း ကြေညာမယ်ဆိုတဲ့ အဓိပ္ပါယ်တွေ ဖြစ်ပါတယ်။

Realme က အဲဒီ စမတ်ဖုန်းရဲ့ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။ ဒါပေမယ့် အဲဒီ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို ပြီးခဲ့တဲ့လက AnTuTu မှာ တွေ့ရပြီး Qualcomm Snapdragon 865 Chipset မောင်းနှင်ထားပါတယ်။

အဲဒီ စမတ်ဖုန်းဟာ Realme India CEO Madhav Sheth ပြောထားတဲ့ ဖုန်း ဖြစ်နိုင်ပြီး သူက လက်ရှိ တရုတ်မှာ ရောင်းပေးထားတဲ့ Realme X50 5G ထက် ပိုကြီး၊ ပိုကောင်းမယ်လို့ ပြောထားပါတယ်။ Realme က ဒီလထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး Fitness Band ကို   စမတ် တီဗီနဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း မတိုင်ခင် မိတ်ဆက်နိုင်ပါတယ်။

Ref : gsmarena