[Zawgyi]

Realme 5 နဲ႔ Realme 5 Pro တို႔ကိုေတာ့ တရားဝင္မိတ္ဆက္သြားခဲ့ပါၿပီ။ ဒါေပမယ့္ ကုမၸဏီက သူတို႔ရဲ႕ 64MP Flagship အေၾကာင္းကိုလည္း အစဆြဲထုတ္သြားပါေသးတယ္။ အစဆြဲထုတ္တယ္ဆိုတဲ့အတိုင္း အျမည္းေလးပဲ ေပးသြားတာပါ။ ဒီ 64MP Flagship ဖုန္းကို Realme XT လို႔ နာမည္ေပးထားတယ္ဆိုတဲ့အေၾကာင္းပဲ ေျပာခဲ့တာျဖစ္ပါတယ္။

Realme 5 နဲ႔ Realme 5 Pro တို႔ကို မိတ္ဆက္ပြဲကို Green Day ရဲ႕ နာမည္ႀကီးသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Wake Me Up When September Ends နဲ႔ ပိတ္သိမ္းသြားတဲ့အတြက္ Realme ရဲ႕ စမတ္ဖုန္းသစ္ကို ေအာက္တိုဘာလ အေစာပိုင္းမွာ ေၾကညာဖြယ္ရွိတယ္လို႔ သဲလြန္စေပးသြားတာ ျဖစ္ႏိုင္ပါတယ္။

Teaser မွာျမင္ေတြ႕ရသေလာက္ Realme XT ဟာ Realme 5 နဲ႔ Realme 5 Pro တို႔လိုပဲ ေက်ာဘက္ကင္မရာ ေလးလုံးတပ္ဆင္ထားတာ ျဖစ္ပါတယ္။ “64MP Quad Camera Xpert” ဆိုတဲ့ စာသားကေတာ့ Realme XT ရဲ႕ အားသာခ်က္ကို ရည္ၫႊန္းထားတာပါ။ Realme XT ဟာ Samsung ရဲ႕ ISOCELL Bright GW1 sensor နဲ႔ျဖစ္တယ္လို႔ သိရပါတယ္။

ကနဦးထြက္ေပၚထားတဲ့ ေပါက္ၾကားမႈအခ်ိဳ႕မွာေတာ့ Realme XT ဟာ 64MP အဓိက ကင္မရာအျပင္ Wide-angle lens, Macro camera နဲ႔ Dept sensor တို႔လည္း ပါဝင္မယ္လို႔ ေဖာ္ျပထားပါတယ္။ Realme XT နဲ႔ ႐ိုက္ကူးထားတယ္ဆိုတဲ့ အထင္ႀကီးစရာ ဓါတ္ပုံအခ်ိဳ႕လည္း ေပၚထြက္ခဲ့ၿပီး ျဖစ္ပါတယ္။ ကင္မရာေလးလုံး တပ္ဆင္ပုံကေတာ့ Realme 5 Pro နဲ႔ ခပ္ဆင္ဆင္ပဲ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္ XT မွာေတာ့ အေရွ႕ကင္မရာကို Elevating ကင္မရာ သုံးလာႏိုင္တယ္လို႔ သတင္းထြက္ထားပါတယ္။

Ref: GSM Arena

[Unicode]

64MP ကင်မရာနဲ့ Flagship ဖုန်းဟာ Realme XT ဖြစ်ကြောင်း တရားဝင်ကြေညာ

Realme 5 နဲ့ Realme 5 Pro တို့ကိုတော့ တရားဝင်မိတ်ဆက်သွားခဲ့ပါပြီ။ ဒါပေမယ့် ကုမ္ပဏီက သူတို့ရဲ့ 64MP Flagship အကြောင်းကိုလည်း အစဆွဲထုတ်သွားပါသေးတယ်။ အစဆွဲထုတ်တယ်ဆိုတဲ့အတိုင်း အမြည်းလေးပဲ ပေးသွားတာပါ။ ဒီ 64MP Flagship ဖုန်းကို Realme XT လို့ နာမည်ပေးထားတယ်ဆိုတဲ့အကြောင်းပဲ ပြောခဲ့တာဖြစ်ပါတယ်။

Realme 5 နဲ့ Realme 5 Pro တို့ကို မိတ်ဆက်ပွဲကို Green Day ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Wake Me Up When September Ends နဲ့ ပိတ်သိမ်းသွားတဲ့အတွက် Realme ရဲ့ စမတ်ဖုန်းသစ်ကို အောက်တိုဘာလ အစောပိုင်းမှာ ကြေညာဖွယ်ရှိတယ်လို့ သဲလွန်စပေးသွားတာ ဖြစ်နိုင်ပါတယ်။

Teaser မှာမြင်တွေ့ရသလောက် Realme XT ဟာ Realme 5 နဲ့ Realme 5 Pro တို့လိုပဲ ကျောဘက်ကင်မရာ လေးလုံးတပ်ဆင်ထားတာ ဖြစ်ပါတယ်။ “64MP Quad Camera Xpert” ဆိုတဲ့ စာသားကတော့ Realme XT ရဲ့ အားသာချက်ကို ရည်ညွှန်းထားတာပါ။ Realme XT ဟာ Samsung ရဲ့ ISOCELL Bright GW1 sensor နဲ့ဖြစ်တယ်လို့ သိရပါတယ်။

ကနဦးထွက်ပေါ်ထားတဲ့ ပေါက်ကြားမှုအချို့မှာတော့ Realme XT ဟာ 64MP အဓိက ကင်မရာအပြင် Wide-angle lens, Macro camera နဲ့ Dept sensor တို့လည်း ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။ Realme XT နဲ့ ရိုက်ကူးထားတယ်ဆိုတဲ့ အထင်ကြီးစရာ ဓါတ်ပုံအချို့လည်း ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ ကင်မရာလေးလုံး တပ်ဆင်ပုံကတော့ Realme 5 Pro နဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် XT မှာတော့ အရှေ့ကင်မရာကို Elevating ကင်မရာ သုံးလာနိုင်တယ်လို့ သတင်းထွက်ထားပါတယ်။

Ref: GSM Arena