ယနေ့သြဂုတ်လ ၂၈ ရက်တွင် တစ်ကမ္ဘာလုံးရှိ realme Global Fan Festival ကိုကိုယ်စားပြုသည့်အနေဖြင့် realme Myanmar ကလည်း realme Fan Fest ကို ထူးခြားသည့်အစီအစဉ်ပေါင်းများစွာပေါင်းစပ်ကာ Online Version အဖြစ် တိုက်ရိုက်ထုတ်လွှင့်မိတ်ဆက်ပေးခဲ့သည်။ ယခုအွန်လိုင်းပုံစံအဖြစ် ကျင်းပပြုလုပ်ပေးသည့် realme Fan Fest အခမ်းအနားအစီအစဉ်တွင် realme ၏နောက်ဆုံးထုတ် တန်ဖိုးသင့်စမတ်ဖုန်းဖြစ်သည့် realme C12 ကိုပါ တစ်ပြိုင်တည်း ထည့်သွင်းမိတ်ဆက်ပေးသွားခဲ့သည်။ လက်ရှိတွင် realme C12 စမတ်ဖုန်းသစ်ကို သြဂုတ်လ ၂၅ရက်နေ့မှစတင်ကာ ဈေးနှုန်း ၁၇၉,၉၀၀ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသည်။

အဖွင့်ပိုင်းအစီအစဉ်တွင် realme Myanmar ၏ Brand Manager ဖြစ်သူ ကိုဝေဖြိုးအောင်က ကျင်းပပြုလုပ်သည့် realme Fan Fest အကြောင်းနှင့် တစ်ကမ္ဘာလုံးက realme Fan များစွာပါဝင်ဆင်နွှဲလျက်ရှိသည့် “Dare To Be” Campaign ရည်ရွယ်ချက်နှင့် အသေးစိပ်အချက်အလက်များကို ဝေမျှပြောကြားပေးခဲ့သလို ပြောင်းလဲတိုးတက်လာသည့် realme စမတ်ဖုန်းအမှတ်တံဆိပ်၏ နိုင်ငံတကာစွမ်းဆောင်ရည်ရလဒ်များနှင့် သန်း ၄ဝ ကျော်အထိ ရောက်ရှိနေပြီဖြစ်သည့် realme Fan များ၏ realme brand အပေါ် လက်တွဲပူပေါင်းဆောင်ရွက်ချက်များ၊ ဖန်တီးမှုများ၊ ထောက်ခံအားပေးမှုများအကြောင်းကိုပါ ထုတ်ဖော်ပြောကြားသွားခဲ့သည်။ ထို့အပြင် realme C12 စမတ်ဖုန်းသစ်နှင့်ပတ်သက်သည့် အသေးစိပ်အချက်အလက်များကိုလည်း realme Myanmar ၏ Product Manager ဖြစ်သူ ကိုအာကာဖြိုးက တစ်နိုင်ငံလုံးရှိ realme Fan များအတွက် ရှင်းလင်းပြောကြားပေးသွားခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရှိ realme Fan များကိုဂုဏ်ပြုတင်ဆက်ပေးသည့် realme Fan Fest အခမ်းအနားတွင် realme Fan များနှင့်တူ Gamer တစ်ဦးဖြစ်သူ IngyiN RR က ပျော်ရွှင်ဖွယ်ရာ MLBB Fan Match ကစားခြင်းများ၊ လူငယ်ကြိုက်အနုပညာရှင် ကောင်းမြတ်စံကလည်း ဖိတ်ကြားထားသည့် realme Fan ကိုယ်စားပြုအဖြစ် ညီငယ်နှစ်ဦးနှင့်အတူ “Truth or Dare” ဂိမ်းများကို ကစားကာ ရယ်စရာအစီအစဉ်များတင်ဆက်ပေးခြင်း၊ realme Fan ကိုယ်စားပြုအဖြစ်တက်ရောက်လာသော ညီငယ်၂ဦးကလည်း “Dare To Be” Campaign တွင် ပါဝင်ဆင်နွှဲထားသော ၎င်းတို့၏ ကိုယ်စားပြုစကားလုံးများ၏ အဓိပ္ပာယ်နှင့် အနာဂတ်အိမ်မက်များကို ပြန်လည်ဝေမျှပေးခြင်းများပြုလုပ်ခဲ့ကြသည်။ အနုပညာရှင်ကောင်းမြတ်စံကလည်း အသစ်စက်စက်ထွက်ရှိထားသည့် realme C12 စမတ်ဖုန်းကို Unboxing လုပ်ပြကာ ယခင်ထွက်ရှိခဲ့သည့် realme C11 နှင့် မတူညီထူးခြားသည့်အချက်များကိုပါ ဝေမျှပြောကြာပေးသွားခဲ့သည်။

realme Fan Fest အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်ခြင်း နောက်ဆုံး အစီအ စဉ်တွင် ပြည်သူချစ်ဂီတအနုပညာရှင် “မေ” က Live ကိုတိုက်ရိုက်ကြည့်ရှုနေကြသည့် realme Fan များနှင့် တိုက်ရိုက်စကားပြောကာ သူမ၏ ဂီတအနုပညာအကြောင်းအရာများ၊ realme Fan များကို သူမကိုယ်တိုင် မေးခွန်းမေးခြင်းများ အစရှိသည့် ပျော်ရွှင်စရာများကို ဝေမျှပေးခဲ့သလို သူမအကြိုက်သီချင်းတစ်ပုဒ်ကိုလည်း ကြည့်ရှုနေကြသည့် realme Fan များအတွက် နှုတ်ဆက်ဖျော်ဖြေပေးသွားခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် realme Fan Fest အွန်လိုင်းအခမ်းအနားတွင် ကြည့်ရှုကြသည့် ပရိသတ်များအတွက် realme C12 ဖုန်းများ၊ IngyiN RR နှင့် MLBB Fan Match ပါဝင်ကစားသူများထဲမှ MVP ရရှိသူတို့အား realme Buds Q နှင့် realme Band များ၊ အနုပညာရှင် သရုပ်ဆောင်ကောင်းမြတ်စံနှင့် ဂီတအနုပညာရှင် မေတို့ကလည်း ၎င်းတို့လက်မှတ်ရေးထိုးထားသည့် “Dare To Be” Brand T-shirt များကို Lucky Draw အစီအစဉ်အဖြစ် ပေးအပ်သွားခဲ့ကြပြီး သက်ဆိုင်သူကံထူးရှင်များကို realme Myanmar Facebook Page မှတစ်ဆင့် ကြေညာပေးသွားမည်ဖြစ်သည်။