Unicode

Realme ကနေ စမတ်ဖုန်းတွေအပြင် EarBuds အသစ်တွေကိုလည်း ထုတ်လုပ်လာပြီဖြစ်ပြီးတော့ နောက်ဆုံးထွက်ရှိထားတဲ့ Realme Buds Air ဆိုရင် ပေးရတဲ့စျေးထက် တော်တော်လေးကို တန်တယ်လို့ ပြောလို့ရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Realme ကနေ Fitness Band ကိုပါ ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ဖူးပါသေးတယ်။

Realme ကတော့ လက်ရှိအချိန်ထိ Fitness Band ကို မိတ်ဆက်မယ့်အချိန်ကို မကြေညာသေးပေမယ့် Realme India CEO ဖြစ်တဲ့ Madhav Sheth ဝတ်ဆင်ထားတဲ့ ဓါတ်ပုံကတော့ ပေါက်ကြားလာခဲ့ပါပြီ။ အဲ့ဒီအတွက် Realme က ဒီ Fitness Band ကို နောက်လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

အခု Madhav Sheth ဝတ်ဆင်ထားတဲ့ Realme Fitness Band ဟာ ယခင်တုန်းက Teaser ဓါတ်ပုံမှာ ပါဝင်တဲ့ Realme ရဲ့ Signature အဝါရောင်လက်ပတ်နဲ့ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ လက်ရှိ Xiaomi နဲ့ Huawei တို့က ထုတ်လုပ်ထားတဲ့ Fitness Tracker တွေနဲ့ မတူညီတဲ့ Curved Display ပါဝင်နေတာပါ။

ဒီလိုမျိုး Curved Display ဖြစ်တဲ့အတွက် ဝတ်ဆင်တဲ့အချိန်မှာ ပိုပြီးသက်တောင့်သက်သာရှိနိုင်ပြီးတော့ Display က Color Display ဖြစ်မလား၊ ဘယ်လိုမျိုး Feature တွေပါဝင်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Realme ရဲ့ Fitness Band အသစ်ဟာ Xiaomi ရဲ့ အောင်မြင်ပြီးသား Mi Band Series နဲ့ အဓိကယှဥ်ပြိုင်ရမှာဖြစ်တဲ့အတွက် စျေးနှုန်းနဲ့ Feature ပိုင်းမှာ ဘယ်လိုမျိုး အားသာချက်ရှိလာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China

Zawgyi

Realme ကေန စမတ္ဖုန္းေတြအျပင္ EarBuds အသစ္ေတြကိုလည္း ထုတ္လုပ္လာၿပီျဖစ္ၿပီးေတာ့ ေနာက္ဆုံးထြက္ရွိထားတဲ့ Realme Buds Air ဆိုရင္ ေပးရတဲ့ေစ်းထက္ ေတာ္ေတာ္ေလးကို တန္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Realme ကေန Fitness Band ကိုပါ ထုတ္လုပ္သြားမယ္လို႔ ေျပာၾကားခဲ့ဖူးပါေသးတယ္။

Realme ကေတာ့ လက္ရွိအခ်ိန္ထိ Fitness Band ကို မိတ္ဆက္မယ့္အခ်ိန္ကို မေၾကညာေသးေပမယ့္ Realme India CEO ျဖစ္တဲ့ Madhav Sheth ဝတ္ဆင္ထားတဲ့ ဓါတ္ပုံကေတာ့ ေပါက္ၾကားလာခဲ့ပါၿပီ။ အဲ့ဒီအတြက္ Realme က ဒီ Fitness Band ကို ေနာက္လာမယ့္ ေဖေဖာ္ဝါရီလအတြင္းမွာ မိတ္ဆက္ဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

အခု Madhav Sheth ဝတ္ဆင္ထားတဲ့ Realme Fitness Band ဟာ ယခင္တုန္းက Teaser ဓါတ္ပုံမွာ ပါဝင္တဲ့ Realme ရဲ႕ Signature အဝါေရာင္လက္ပတ္နဲ႔ ျဖစ္ပါတယ္။ ေနာက္ထပ္ ထူးျခားခ်က္တစ္ခုကေတာ့ လက္ရွိ Xiaomi နဲ႔ Huawei တို႔က ထုတ္လုပ္ထားတဲ့ Fitness Tracker ေတြနဲ႔ မတူညီတဲ့ Curved Display ပါဝင္ေနတာပါ။

ဒီလိုမ်ိဳး Curved Display ျဖစ္တဲ့အတြက္ ဝတ္ဆင္တဲ့အခ်ိန္မွာ ပိုၿပီးသက္ေတာင့္သက္သာရွိႏိုင္ၿပီးေတာ့ Display က Color Display ျဖစ္မလား၊ ဘယ္လိုမ်ိဳး Feature ေတြပါဝင္လာမလဲဆိုတာကိုေတာ့ မသိရွိရေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ Realme ရဲ႕ Fitness Band အသစ္ဟာ Xiaomi ရဲ႕ ေအာင္ျမင္ၿပီးသား Mi Band Series နဲ႔ အဓိကယွဥ္ၿပိဳင္ရမွာျဖစ္တဲ့အတြက္ ေစ်းႏႈန္းနဲ႔ Feature ပိုင္းမွာ ဘယ္လိုမ်ိဳး အားသာခ်က္ရွိလာမလဲဆိုတာက စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

Ref – Gizmo China