ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က စပိန်နိုင်ငံ၊ ဘာစီလိုနာတွင် ကျင်းပပြုလုပ်မည့် MWC 2022 (Mobile World Congress) ပြပွဲတွင် ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်ကာ realme GT 2 series ထုတ်ကုန်သစ်များကို မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပြီဖြစ်သည်။

ယခုဖေဖော်ဝါရီလ အစောပိုင်းမှာပင် realme GT 2 series ကို တရုတ်နိုင်ငံတွင် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး၊ Qualcomm ၏ နောက်ဆုံးထုတ် Snapdragon 8 Gen 1 processor ကိုအသုံးပြုပေးထားသည့် အစောဆုံးစမတ်ဖုန်းများထဲမှ တစ်လုံးလည်းဖြစ်သည်။ ထို့အပြင် realme GT 2 Pro မှာ ဥရောပတိုက်တွင် Snapdragon 8 Gen 1 processor ထည့်သွင်းတပ်ဆင်ပေးထားသည့် ပထမဆုံးစမတ်ဖုန်းတစ်လုံးလည်း ဖြစ်လာဖွယ်ရှိနေသည်။

ထိပ်တန်းအဆင့်မြင့်စမတ်ဖုန်းအတန်းအစားမျိုးအဖြစ် realme က ကမ္ဘာတစ်ဝန်းလုံးရှိ သန်းနှင့်ချီသောသုံးစွဲသူများဆီသို့ ခေတ်ရှေ့ပြေးနည်းပညာများကိုယူဆောင်ပေးသွားရန်ရည်ရွယ်ထားကာ အဆင့်မြင့်စမတ်ဖုန်းစျေးကွက်ကို ထိုးဖောက်ပြီး နည်းပညာတီထွင်ဆန်းသစ်သူဦးဆောင်သူများတွင်ရှေ့တန်းမှပါဝင်ရပ်တည်သွားရန်ဖြစ်သည်။ realme ၏ CEO ဖြစ်သူ SKY Li က “ကမ္ဘာတစ်ဝန်းလုံးက သုံးစွဲသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး အသစ်စက်စက် ထုတ်ကုန်သစ်တစ်မျိုးကို ပို့ဆောင်ခွင့်ရတဲ့တွက် အမြဲပဲဝမ်းသာဂုဏ်ယူမိပါတယ်။ GT 2 Pro က အရာတစ်ခုလုံးကို နောက်ထပ်မြင့်မားတဲ့အဆင့်တစ်ခုဆီ ခေါ်ဆောင်ပေးသွားစေမှာဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုသွားသည်။ realme အနေဖြင့် ၃နှစ်အတွင်းမှာပင် စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ပမာဏအထိရောင်းချထားနိုင်ခဲ့ပြီဖြစ်သလို အဆင့်-၆ ကမ္ဘာစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ်ပါ ရပ်တည်ထားခြင်းဖြစ်သည်။ စဥ်ဆက်မပြတ်သော နည်းပညာနှင့် ဒီဇိုင်းပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများက realme ၏ မြန်ဆန်သောတိုးတက်မှုအဟုန်တွင် အုပ်မြစ်အဖြစ် အစဥ်အမြဲထောက်ကူပေးနေခြင်းဖြစ်သည်။ realme GT 2 Pro မှာ စွန့်ပစ်ပစ္စည်း bio-polymer ဒြပ်စင်ကနေထုတ်လုပ်ထားသည့် နောက်ကျောဘက်ကာဗာ၊ ၁၅၀ ဒီဂရီအထိ မြင်ကွင်းကျယ်ရိုက်နိုင်စေမည့် Ultra-wide ကင်မရာစနစ်နှင့် realme ၏ ခေတ်ရှေ့ပြေးဆက်သွယ်ရေးဆိုင်ရာ တီထွင်ဆန်းသစ်မှု ဆိုသည့် ကမ္ဘာ့ပထမဆုံး ဝိသေသ ၃ရပ်ဖြင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကာ တစ်ကမ္ဘာလုံးမှ သုံးစွဲသူများအတွက် နှစ်သက်ဖွယ်ကောင်းစေမည့်အတွေ့အကြုံတို့ကို ထောက်ပံ့ပေးစွမ်းနိုင်စေမည်ဖြစ်သည်။

Source – realme