realme က MWC 2023 မှာ 240W Charging ပါတဲ့ realme GT 3 ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက ၉ မိနစ်ခွဲအတွင်း 4,600mAh ဘက်ထရီကို အားအပြည့်သွင်းပေးနိုင်တယ်လို့ ပြောတဲ့အတွက် ဈေးကွက်ထဲမှာ အားသွင်းအမြန်ဆုံး ဖုန်း ဖြစ်ပါတယ်။

Realme GT 3

realme GT 3 ဟာ တကယ်တော့ ဖုန်း အသစ် မဟုတ်ဘဲ တရုတ်မှာ ကြေညာထားတဲ့ realme GT Neo 5 ကို နိုင်ငံတကာအတွက် အမည်ပြောင်းထားတာပါ။ အံ့မခန်းအားသွင်းနှုန်းအပြင် အနောက်ဘက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ RGB တပ်ဆင်ထားပါတယ်။ Nothing Phone 1 လို မဟုတ်ဘဲ GT 3 အနောက်ဘက်က မီးအလင်းတန်းဟာ အနောက်ဘက် ၁ ခုလုံးကို မဖုံးအုပ်ထားဘဲ ကင်မရာ ညာဘက်မှာ သေးငယ်တဲ့ လေးထောင့်ကွက်အဖြစ် တည်ရှိပါတယ်။ အဲဒါက Notification Light ကို ပြသပေးသလို ဘက်ထရီ အားနည်းသွားရင် သတိပေးနိုင်ပါတယ်။

Realme GT 3 launch date, time, specifications, design and everything we know so far

ကျန်တဲ့ Specs အကြောင်းပြောရရင် ၆.၇၄ လက်မ 144Hz OLED မျက်နှာပြင် တပ်ဆင်ထားပြီး Resolution က 2772x1240p ဖြစ်ပါတယ်။ 100% DCI-P3 Coverage နဲ့ 1,500Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ အရင်နှစ်ထုတ် Snapdragon 8 Plus Gen 1 SoC မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။ လုံခြုံရေးအတွက် မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

ကင်မရာအကြောင်းပြောရရင် 50MP Main, 8MP Ultrawide , 2MP Macro တွေကို အနောက်ဘက်နဲ့ 16MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ အစိတ်အပိုင်း ၈ ခု ပါတဲ့ အအေးပေး စနစ် ထည့်သွင်းထားပြီး အဲဒီအထဲမှာ Vapor Chamber နဲ့ Multiple-layer Graphite ပါပါတယ်။

realme GT 3 အတွက် White, Black နဲ့ Purple အရောင်ထုတ်လုပ်ထားပြီး အောက်ပါ Configuration ၅ ခု ရွေးချယ်နိုင်ပါတယ်။

  • 8GB + 128GB
  • 12GB + 256GB
  • 12GB + 512GB
  • 16GB + 512GB
  • 16GB + 1TB

လက်ရှိမှာ ကုမ္ပဏီက အခြေခံ မော်ဒယ်ရဲ့ ဈေးနှုန်းကိုပဲ ကြေညာထားပြီး ၆၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မကြာခင်မှာ ရောင်းချမယ့် နိုင်ငံနဲ့ အချိန်ကို အတည်ပြုပေးမှာပါ။

Ref : gizmochina