realme GT Neo 3T ကို အာဏာပိုင်များစွာမှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်တဲ့အတွက် ကုမ္ပဏီဟာ အဲဒီ စမတ်ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေတယ်ဆိုတာ ဒီလ အစောပိုင်းက သိခဲ့ရပါတယ်။ အဲဒီ စမတ်ဖုန်းကို ကြေညာမယ့် အချိန်အတိအကျကို မသိရသေးပေမယ့် realme ရဲ့ နိုင်ငံတကာ အဖွဲ့က မကြာခင် ကြေညာတော့မယ်လို့ ပြောလာပါတယ်။

realme က မျှဝေထားတဲ့ ပိုစတာမှာ GT Neo 3T ရဲ့ မျက်နှာပြင် ဘယ်ဘက်ထောင့်မှာ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ကို တပ်ဆင်ထားပြီး GT Neo 3 မှာလို မျက်နှာပြင် အလယ်မှာ မဟုတ်ပါဘူး။ Neo 3T ရဲ့ ညာဘက်ခြမ်းမှာ ပါဝါ ခလုတ်ကို တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကိုတော့ မျက်နှာပြင်အောက်မှာ မြှပ်နှံထားမယ်လို့ ထင်ရပါတယ်။ အဲဒီအတွက် AMOLED မျက်နှာပြင် ပါလာနိုင်ပါတယ်။

Realme GT Neo 3T specifications spotted on Geekbench, 3C; launch seems imminent

realme က GT Neo 3T ရဲ့ Specs တွေကို ဘာမှ မပြောသေးပေမယ့် Geekbench က စာရင်းအရ Snapdragon 870 SoC , Android 12 , 8GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒီထက် ပိုများတဲ့ RAM Option တွေလည်း ပါလာနိုင်ပါတယ်။

GT Neo 3T မှာ ၆.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး 256GB Storage ပါလာနိုင်ပါတယ်။ ပင်မ ကင်မရာ အနေနဲ့ 64MP ထည့်သွင်းထားနိုင်ပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်နိုင်ပါတယ်။

Ref : gsmarena