အခုနောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေအများအပြားက Fast Charging ပိုင်းကို ပိုပြီး အာရုံစိုက်နေကြပြီဖြစ်ပါတယ်။ အခုဆိုရင်လည်း တရုတ်နိုင်ငံထုတ် စမတ်ဖုန်းအချို့ဟာ 100W ၊ 150W နဲ့အထက် Fast Charging စနစ်ပါဝင်နေပါပြီ။

ဒါကလည်း တရုတ်နိုင်ငံအစိုးရဟာ Wireless Charging ကို 50W အထိပဲ ထုတ်လုပ်ဖို့ ကန့်သတ်ထားတာဖြစ်ပြီး Wired Fast Charging ပိုင်းမှာတော့ ကန့်သတ်ထားခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင်လည်း လက်ရှိထက် ပိုမိုမြန်ဆန်တဲ့ Fast Charging နည်းပညာတွေက ထွက်ရှိလာဦးမယ်လို့ ယူဆရပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတစ်ခုအရဆိုရင် realme ကနေ လာမယ့် နှစ်အစောပိုင်းမှာ မိတ်ဆက်လာနိုင်တဲ့ realme GT Neo 5 ဖုန်းမှာ 240W Fast Charging နည်းပညာကို ထောက်ပံ့ပေးလာမယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို တရုတ်နိုင်ငံတွင်းနာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်တာကြောင့် တကယ်ဖြစ်လာဖွယ်များနေပါတယ်။

realme GT Neo 5 ဖုန်းဟာ 4500mAh Battery ပါဝင်ပြီး 240W Fast Charging ပါဝင်တဲ့ Version အပြင် 5000mAh Battery ပါဝင်ပြီး 150W Fast Charging ပါဝင်တဲ့ Version ကိုပါ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ 240W Fast Charging ပါဝင်တဲ့ Version ဟာ ဘယ်လောက်မြန်မြန်အားသွင်းနိုင်မယ်ဆိုပြီး မသိရှိရသေးပေမယ့် ၁၀ မိနစ်အောက်ပဲ အချိန်ပေးရဖွယ်ရှိပါတယ်။

Ref – GSM Arena