realme GT Neo3 ကို ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ဖြန့်ချိမယ်လို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Mr. Madhav Sheth က ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ GT Neo3 ဖြန့်ချိမဲ့အစီအစဉ်က ပြောင်းလဲသွားခဲ့ပါတယ်။ realme GT Neo3 ရဲ့ အစီအစဉ်သစ်ကို Mr. Madhav က ထပ်မံပြီး အသိပေးလာတာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ realme GT Neo3 ကို ဒီလထဲမှာပဲ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Weibo မှာတွေ့မြင်ရတဲ့ ပိုစတာအရ realme GT Neo3 ရဲ့ တရားဝင်ပုံရိပ်ကိုလည်း တွေ့မြင်နိုင်ပါပြီ။ ပိုစတာအရ စမတ်ဖုန်းရဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။ ဒီပုံစံကို TENAA က ပုံရိပ်တွေနဲ့နှိုင်းယှဉ်ကြည့်နိုင်သလို ကနဦးပေါက်ကြားထားတဲ့ Renders အချို့နဲ့လည်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံးရဲ့ ဖွဲ့စည်းပုံက လက်ရှိရေပန်းစားနေတဲ့ ပုံစံတွေထဲကပဲဖြစ်ပါတယ်။ စတုဂံပုံစံကင်မရာကျွန်းမှာ ကြီးမားတဲ့အဓိကကင်မရာ၊ ရှည်လျားတဲ့ ဖလက်ရှ်နဲ့ ကင်မရာ အသေးနှစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ ပိုစတာမှာ OIS ကို အတည်ပြုနိုင်တဲ့ စာသားအချို့လည်း ပါရှိပါသေးတယ်။

realme ဟာ GT Neo3 ကို Density 8100 SoC နဲ့ 150W အားသွင်းစနစ်ကို ထောက်ပံ့ထားကြောင်း အတည်ပြုခဲ့ပါတယ်။ ကုမ္ပဏီက ဖုန်းရဲ့ Specs အသေးစိတ်ကို မဖော်ပြထားပေမဲ့လည်း Geekbench နဲ့ TENAA တို့ကတစ်ဆင့် အချက်အလက်အတော်များများကို သိရှိအတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

realme GT Neo3 ဟာ 6.7-inch FullHD+ AMOLED မျက်နှာပြင်နဲ့အတူ Under-screen fingerprint scanner ကို တပ်ဆင်ပေးထားပါတယ်။ Android 12 နဲ့အတူ RAM နှစ်မျိုး (8GB/12GB) သိုလှောင်မှုပမာဏသုံးမျိုး (128GB/256GB/512GB) ကို ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီပိုင်းကတော့ 150W အားသွင်းစနစ်နဲ့အတူ 4,500mAh, 80W အားသွင်းစနစ်နဲ့ 5,000mAh ဆိုပြီး နှစ်မျိုးရှိမယ်လို့ သိရပါတယ်။

Ref: GSM Arena