realme ဟာကမ္ဘာ့ပထမဆုံး 240W Fast Charging ပါဝင်လာမယ့် realme GT Neo5 ဖုန်းကို လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ realme GT Neo5 ဖုန်းဟာ ယခုနှစ်အတွက် realme ရဲ့ Flagship ဖုန်းဖြစ်လာမှာဖြစ်ပြီး 240W Fast Charging အပြင် တခြားထူးခြားတဲ့ Feature တွေလည်း အများအပြားပါဝင်မှာပါ။

အဆိုပါ ထူးခြားတဲ့ Feature တွေထဲကတစ်ခုက realme GT Neo5 ရဲ့ နောက်ကျောဘက်ဒီဇိုင်းမှာ Multi-Color LED Strip ကိုထည့်သွင်းထားမှာပဲဖြစ်ပါတယ်။ အခုလည်း အသုံးဝင်တဲ့ နောက်ထပ် Feature တစ်ခုကို ထည့်သွင်းပေးသွားမယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပါပြီ။

ဒါက realme GT Neo5 ဖုန်းမှာ IR Blaster Feature ကို ထည့်သွင်းလာမှာပဲဖြစ်ပါတယ်။ realme ကနေ မိတ်ဆက်ခဲ့တဲ့ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ IR Blaster ပါဝင်လာမှာဖြစ်တာကြောင့်လည်း ပိုပြီး ထူးခြားနေပါတယ်။

IR Blaster ဟာ ယခင်တုန်းထဲက Xiaomi ဖုန်းတွေမှာ အများဆုံးတွေ့ရတဲ့ Feature တစ်ခုဖြစ်ပြီး TV ၊ Aircon ၊ ပန်ကာအစရှိတဲ့ Device တွေကို Remote Controller အနေနဲ့ အသုံးပြုပြီး ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအတွက် တကယ်အသုံးဝင်တဲ့ Feature တစ်ခုလို့ပြောနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် realme GT Neo5 ဖုန်းဟာ 240W Fast Charging အပြင် နောက်ထပ်ထူးခြားတဲ့ Feature တွေလည်းပါဝင်မှာဖြစ်တာကြောင့် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China