Zawgyi

မၾကာေသးခင္က ထြက္ေပၚလာတဲ့ သတင္းေတြအရ Realme ဟာ 48MP ရွိ Sony IMX586 Camera Sensor အသုံးျပဳထားတဲ့ ဖုန္းတစ္လုံးကို ထုတ္လုပ္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ နဂို ကတည္းကမွ Mi Killer လို႔ နာမည္ႀကီးေနတဲ့ Realme ကေန 48MP ကင္မရာ ပါဝင္တဲ့ ဖုန္းထုတ္မယ္လို႔ သတင္းထြက္ေပၚလာတဲ့အခါ အဆိုပါ Realme ဖုန္းဟာ 48MP Camera တပ္ဆင္ထားတဲ့ Redmi Note 7 ကိုယွဥ္ၿပိဳင္မယ္ဆိုၿပီး ယုံၾကည္တဲ့သူေတြ အမ်ားအျပားေပၚေပါက္လာပါတယ္။ ဒါေပမယ့္လည္း Realme India ရဲ႕ CEO ျဖစ္တဲ့ Madhav Sheth က အဆိုပါ သတင္းေတြဟာ သတင္းအမွားေတြသာ ျဖစ္ေၾကာင့္ ဗီဒီယို တစ္ခုမွာ ရွင္းျပသြားပါတယ္။

အဆိုပါ ဗီဒီယိုထဲမွာ Madhav က ကုမၸဏီအေနနဲ႕ လတ္တေလာမွာ 48MP ကင္မရာ ပါဝင္တဲ့ ဖုန္းေတြ ထုတ္လုပ္ေနျခင္းမရွိပဲ ေရွ႕ေလ်ာက္လည္း အဲ့လို Mega Pixel ပမာဏ ႀကီးမားတဲ့ ဖုန္းေတြ ထုတ္လုပ္ဖို႔ မရွိေၾကာင္း အတိအလင္းေျပာၾကားခဲ့ပါတယ္။ ထပ္ၿပီးေတာ့လည္း “Realme ဟာ Mega Pixel ပမာဏအမ်ားႀကီးသုံးၿပီး ရွိုးျပမွာ မဟုတ္ပဲ Camera ခ်ိန္ညွိမႈေတြနဲ႕ Software Optimization ေတြကသာ အမွန္တစ္ကယ္ အေရးႀကီးတဲ့ အရာေတြျဖစ္ၿပီး ကြၽန္ေတာ္တို႔ User ေတြအတြက္ အမွန္တစ္ကယ္ အက်ိဳးရွိမယ့္ Hardware နဲ႕ Software ကို အခ်ိတ္အဆက္မိမိ အသုံးခ်နိဳင္ေအာင္သာ ႀကိဳးစားသြားမယ္” လို႔ ေျပာၾကားလိုက္ပါတယ္။

Realme ကေန ထပ္မံ ထုတ္မယ့္ ဖုန္းေတြမွာ Android 9 Pie တစ္ပါတည္း ပါဝင္လာမွာျဖစ္တယ္လို႔ Madhav က ထပ္မံ ေျပာၾကားပါေသးတယ္။ လက္ရွိ အသုံးျပဳေနတဲ့ Realme ဖုန္းေတြ အတြက္လည္း မၾကာခင္ Android Pie ရမွာပါ။ Realme ကေန OnePlus လိုပဲ Original ဖုန္း ကာဗာေတြ ထုတ္ဖို႔ရွိၿပီး Power Bank ေတြလည္း ထုတ္လုပ္သြားမယ္လို႔ Madhav က အဆိုပါ ဗီဒီယို ထဲမွာ ေျပာသြားပါတယ္။

Ref: Gizmo China

Unicode

48MP ကင်မရာပါဝင်တဲ့ ဖုန်းကို ထုတ်လုပ်မှာ မဟုတ်ကြောင်း Realme India ရဲ့ CEO ပြောကြား

မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ Realme ဟာ 48MP ရှိ Sony IMX586 Camera Sensor အသုံးပြုထားတဲ့ ဖုန်းတစ်လုံးကို ထုတ်လုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ နဂို ကတည်းကမှ Mi Killer လို့ နာမည်ကြီးနေတဲ့ Realme ကနေ 48MP ကင်မရာ ပါဝင်တဲ့ ဖုန်းထုတ်မယ်လို့ သတင်းထွက်ပေါ်လာတဲ့အခါ အဆိုပါ Realme ဖုန်းဟာ 48MP Camera တပ်ဆင်ထားတဲ့ Redmi Note 7 ကိုယှဉ်ပြိုင်မယ်ဆိုပြီး ယုံကြည်တဲ့သူတွေ အများအပြားပေါ်ပေါက်လာပါတယ်။ ဒါပေမယ့်လည်း Realme India ရဲ့ CEO ဖြစ်တဲ့ Madhav Sheth က အဆိုပါ သတင်းတွေဟာ သတင်းအမှားတွေသာ ဖြစ်ကြောင့် ဗီဒီယို တစ်ခုမှာ ရှင်းပြသွားပါတယ်။

အဆိုပါ ဗီဒီယိုထဲမှာ Madhav က ကုမ္ပဏီအနေနဲ့ လတ်တလောမှာ 48MP ကင်မရာ ပါဝင်တဲ့ ဖုန်းတွေ ထုတ်လုပ်နေခြင်းမရှိပဲ ရှေ့လျောက်လည်း အဲ့လို Mega Pixel ပမာဏ ကြီးမားတဲ့ ဖုန်းတွေ ထုတ်လုပ်ဖို့ မရှိကြောင်း အတိအလင်းပြောကြားခဲ့ပါတယ်။ ထပ်ပြီးတော့လည်း “Realme ဟာ Mega Pixel ပမာဏအများကြီးသုံးပြီး ရှိုးပြမှာ မဟုတ်ပဲ Camera ချိန်ညှိမှုတွေနဲ့ Software Optimization တွေကသာ အမှန်တစ်ကယ် အရေးကြီးတဲ့ အရာတွေဖြစ်ပြီး ကျွန်တော်တို့ User တွေအတွက် အမှန်တစ်ကယ် အကျိုးရှိမယ့် Hardware နဲ့ Software ကို အချိတ်အဆက်မိမိ အသုံးချနိုင်အောင်သာ ကြိုးစားသွားမယ်” လို့ ပြောကြားလိုက်ပါတယ်။

Realme ကနေ ထပ်မံ ထုတ်မယ့် ဖုန်းတွေမှာ Android 9 Pie တစ်ပါတည်း ပါဝင်လာမှာဖြစ်တယ်လို့ Madhav က ထပ်မံ ပြောကြားပါသေးတယ်။ လက်ရှိ အသုံးပြုနေတဲ့ Realme ဖုန်းတွေ အတွက်လည်း မကြာခင် Android Pie ရမှာပါ။ Realme ကနေ OnePlus လိုပဲ Original ဖုန်း ကာဗာတွေ ထုတ်ဖို့ရှိပြီး Power Bank တွေလည်း ထုတ်လုပ်သွားမယ်လို့ Madhav က အဆိုပါ ဗီဒီယို ထဲမှာ ပြောသွားပါတယ်။

Ref: Gizmo China