ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက OPPO ကနေ 125W Flash Charge နည်းပညာကို မိတ်ဆက်ခဲ့သလိုပဲ အခုလည်း realme ကနေ ကိုယ်ပိုင် 125W UltraDART Fast Charging နည်းပညာကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ 125W UltraDART နည်းပညာဟာ 4000mAh Battery အတွက် 0-33% ကို ၃ မိနစ်အတွင်း အားသွင်းနိုင်မှာဖြစ်သလို Major Charging Standard တွေနဲ့လည်း အဆင်ပြေမယ်လို့ သိရပါတယ်။

125W UltraDART Charging စနစ်ဟာ Dual 6C Cells တွေကနေ 98% Electrical Energy Conversion ပြုလုပ်ပြီး အားသွင်းနိုင်တာဖြစ်ပါတယ်။ ဒါက Charger ကနေ 20V 6.25A Electricity ကို 10V 12.5A Parallel Circuit ၃ ခုစီကိုခွဲထုတ်ပြီး 2000mAh Battery Cell ၂ ခုကို တစ်ပြိုင်ထဲအားသွင်းတာဖြစ်ပါတယ်။

အခုလိုမျိုး အလွန်မြန်ဆန်တဲ့ Charging စနစ်ကို အသုံးပြုနေပေမယ့်လည်း Battery ကို ထိန်းသိမ်းဖို့အတွက် Temperature Sensor ၁၄ ခုကို ထည့်သွင်းထားတယ်လို့သိရပါတယ်။ ပုံမှန်အားသွင်းတဲ့အချိန်မှာလည်း Charger ဟာ 40’C ကိုကျော်လွန်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

ဒါတင်မဟုတ်သေးဘဲ realme ရဲ့ UltraDART နည်းပညာဟာ 125W PPS ၊ 65W PD နဲ့ 36W QC Fast Charging နည်းပညာတွေကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော Dart Fast Charging စနစ်တွေ၊ VOOC Charging နဲ့ Wrap Charging စနစ်အားလုံးနဲ့လည်း အသုံးပြုနိုင်ဦးမှာပါ။

နောက်ထပ်လည်း realme ကနေ အရွယ်အစားအလွန်သေးငယ်တဲ့ 50W နဲ့ 65W SuperDart Ultra-thin Charger တွေကိုပါ မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

Ref – GSM Arena