Zawgyi
အခု Realme 5s စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့အချက်အလက်အတိအကျကိုတော့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သိရမှာဖြစ်ပေမယ့် စွမ်းဆောင်ရည်ကောင်းပြီး ဈေးသက်သာတဲ့ဖုန်းတစ်ခုကို မြင်တွေ့ရတော့မှာပါ။
Ref – Gizmo China
Unicode
Realme ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Realme 5 နဲ့ 5 Pro စမတ်ဖုန်းတွေဟာ Price-to-Performance ပိုင်းမှာ Xiaomi က ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိနေတဲ့ စမတ်ဖုန်းတွေလို့ ပြောလို့ရပါတယ်။ အခုလည်း Realme ကနေ India စျေးကွက်အတွက် Realme 5s စမတ်ဖုန်းကို လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။
Realme ကနေ India Retailer Website ဖြစ်တဲ့ Flipkart ရဲ့ Realme X2 Pro Page မှာ “Realme 5s Coming Soon” ဆိုပြီး တင်ထားခဲ့တာဖြစ်ပြီးတော့ ကျောဘက် Camera Design အပြင် Key Feature အချို့ကိုပါ ဖော်ပြထားခဲ့ပါတယ်။
အခု Realme ကနေ တင်ထားခဲ့တဲ့ ဓါတ်ပုံအရတော့ Realme 5s ဟာ Diamond Pattern Back Design နဲ့ ထွက်ရှိလာမှာဖြစ်ပြီးတော့ Fingerprint Sensor ကိုလည်း နောက်ကျောဘက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ Quad Camera Setup ပါဝင်မှာဖြစ်တဲ့အတွက် လက်ရှိ Realme 5 Pro ဖုန်းနဲ့ တူညီမယ်လို့ ယူဆရပါတယ်။ လက်ရှိအချိန်မှာ Realme 5 ဟာ 12MP Quad Camera Setup နဲ့ Realme 5 Pro ကပဲ 48MP Quad Camera Setup ကို အသုံးပြုထားတာကြောင့် အခု Realme 5s က Realme 5 နဲ့ 5 Pro ကြားကို ဝင်ရောက်လာဖို့များနေပါတယ်။
အဲ့ဒီအတွက် Processor ပိုင်းအနေနဲ့ဆိုရင် Realme 5 က Snapdragon 665 Processor ကို အသုံးပြုထားပြီးတော့ Realme 5 Pro က Snapdragon 712 Processor ကို အသုံးပြုထားတာကြောင့် အခု Realme 5s ဟာ Snapdragon 710 ဒါမှမဟုတ် Snapdragon 675 နဲ့ မိတ်ဆက်လာနိုင်ပါတယ်။ Pop-up Selfie Camera Design ကိုလည်း အသုံးပြုလာပုံမရဘဲ Waterdrop Notch ကိုပဲ ဆက်လက်သုံးစွဲလာဖို့များနေပါတယ်။
အခု Realme 5s စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့အချက်အလက်အတိအကျကိုတော့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သိရမှာဖြစ်ပေမယ့် စွမ်းဆောင်ရည်ကောင်းပြီး စျေးသက်သာတဲ့ဖုန်းတစ်ခုကို မြင်တွေ့ရတော့မှာပါ။
Ref – Gizmo China