Realme ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံးသုံးလပတ်မှာ အရှေ့တောင်အာရှဈေးကွက်ကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်နောက်ပိုင်းကစပြီး အရှေ့တောင်အာရှဈေးကွက်ထဲမှာ Realme အမှတ်တံဆိပ်ဟာ တဖြည်းဖြည်းနဲ့နာမည်ရလာပြီး ထိုးဖောက်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။

Counterpoint Research ရဲ့ ၂၀၂၀ ပထမသုံးလပတ် အစီရင်ခံစာအရ ကုမ္ပဏီရဲ့ ကြီးထွားမှုနှုန်းဟာ အထင်ကြီးစရာ ညွှန်းကိန်းတစ်ခုမှာ ရှိနေတာကိုတွေ့နိုင်ပါတယ်။ Realme ဟာ နှစ်အလိုက်တိုးတက်မှုနှုန်းအနေနဲ့ ၁၇၃% တိုးတက်နေတာဖြစ်ပြီး အရှေ့တောင်အာရှ ဈေးကွက်မှာ အလျင်အမြန်ဆုံး တိုးတက်လာတဲ့ အမှတ်တံဆိပ်လို့ ဆိုနိုင်ပါတယ်။

Realme ဟာ ၂၀၁၈ အစောပိုင်းမှာ OPPO ရဲ့ အမှတ်တံဆိပ်ခွဲအဖြစ် ရှိနေခဲ့တာပါ။ ဒါပေမယ့် အဲဒီနှစ်နောက်ဆုံးသုံးလပတ်ကစပြီး ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဆီ ဈေးကွက်ဖြန့်ကျက်ခဲ့ပါတယ်။ ၂၀၁၉ ရဲ့ ပထမသုံးလပတ်မှာတင် ဖိလစ်ပိုင်ကလွဲရင် ကျန်နိုင်ငံတွေမှာ ထိပ်ဆုံးအမှတ်တံဆိပ် ၁၀ မျိုးထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။

၂၀၁၉ ပထမသုံးလပတ်ထဲမှာပဲ မြန်မာနိုင်ငံကိုလည်း Realme က ဝင်ရောက်လာခဲ့သလို နိုင်ငံရဲ့ ထိပ်ဆုံးအမှတ်တံဆိပ် ၁၀ ခုထဲ ဝင်ရောက်နိုင်ခဲ့ပြန်ပါတယ်။ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်မှာတော့ Realme ဟာ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ရဲ့ ထိပ်ဆုံးအမှတ်တံဆိပ် ၅ ခုထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၁၉ တတိသုံးလပတ်မှာတော့ ဖိလစ်ပိုင်ဈေးကွက်ရဲ့ ထိပ်ဆုံးအမှတ်တံဆိပ် ၁၀ ခုထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။

၂၀၁၉ ရဲ့ စတုတ္ထသုံးလပတ်မှာ ဖိလစ်ပိုင်၊ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ရဲ့ ထိပ်ဆုံးအမှတ်တံဆိပ် ၅ ခုထဲ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်မှာတော့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဟာ ၂၀၂၀ ပထမသုံးလပတ်မှာ ၁၃% ကျဆင်းသွားပါတယ်။ အရှေ့တောင်အာရှဈေးကွက်မှာတော့ ၁၁% ကျဆင်းတာကို တွေ့မြင်ရပါတယ်။

ဒါပေမယ့်လည်း Realme ဟာ အရှေ့တောင်အာရှဈေးကွက်မှာတော့ ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးကုမ္ပဏီအဖြစ် ၁၅၇% တိုးတက်မှုရှိနေခဲ့သလို ၂၀၂၀ ပထမသုံးလပတ်မှာ ၁၇၃% နဲ့ အရှေ့တောင်အာရှမှာ လျင်လျင်မြန်မြန်တိုးတက်နေဆဲဖြစ်တာကို တွေ့မြင်ရပါတယ်။

Ref: Gizmochina