တရုတ် စမတ်ဖုန်း Brand ဖြစ်တဲ့ realme ကို ၂၀၁၈ ဩဂုတ်လမှာ စတင် တည်ထောင်ခဲ့ပါတယ်။ အဲဒီ အစောပိုင်း ကာလတွေကတည်းက realme ဟာ စံချိန်များစွာကို ချိုးခဲ့ပါတယ်။ အခုတော့ သက်တမ်း ၂ နှစ်လောက်ပဲ ရှိသေးတဲ့ အချိန်မှာ realme ဟာ ၂၀၂၀ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း စမတ်ဖုန်း အလုံးရေ သန်း ၅၀ ရောင်းချနိုင်တဲ့ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး Brand ဖြစ်လာပါတယ်။ ကမ္ဘာ့ ကပ်ရောဂါ ကာလမှာ ဒီလို ရောင်းအားကောင်းအောင် စွမ်းဆောင်နိုင်တာ ထူးခြားပါတယ်။

Global Smartphone Brands Shipments Q3 2020 YoY QoQ Growths Counterpoint Research

Counterpoint Research ရဲ့ စစ်တမ်းအရ realme ဟာ အရင်နှစ် ကွာတား ၃ ထက် ၁၃၂ ရာခိုင်နှုန်းနဲ့ အရင်နှစ် ၁ ခုလုံးထက် ၄၅ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ realme ဟာ ဒီနှစ် ကွာတား ၃ မှာ စမတ်ဖုန်း ရောင်းချတာ သန်း ၅၀ ပြည့်ခဲ့ပါတယ်။

realme Smartphone Shipments by Regions Q3 2020 Counterpoint Research

ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ ၂၀၂၀ ကွာတား ၃ မှာ အရင်နှစ် ကွာတား ၃ ထက် ၃၂ ရာခိုင်နှုန်း တိုးတက်လာပေမယ့် အရင်နှစ် ၁ ခုလုံးထက် ၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ထိပ်တန်း ကုမ္ပဏီတွေ ဖြစ်တဲ့ Huawei , Apple , OPPO , Vivo နဲ့ LG တို့ဟာ ဒီနှစ် ကွာတား ၃ မှာ ရောင်းအားကျသွားခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ကမ္ဘာ့ စီးပွားရေး ကျနေပေမယ့် realme ကတော့ ပန်းပန်လျှက်ပဲလို့ ပြောရမှာပါ။

realme ဟာ စမတ်ဖုန်း သာမကဘဲ တခြား IoT Device တွေကိုလည်း ထုတ်လုပ်ရောင်းချဖို့ စီမံကိန်းချထားပါတယ်။ အိန္ဒိယမှာ realme ရဲ့ IoT Device တွေဟာ ရောင်းအား ကောင်းနေပြီး TWS နားကြပ်တွေဟာ ၂၀၂၀ ကွာတား ၃ မှာ ဈေးကွက်ဝေစု ၁၂ ရာခိုင်နှုန်း ရထားပါတယ်။

Ref : gizmochina