(၂၇) ရက်၊ ဒီဇင်ဘာလ၊ Melia Hotel၊ ရန်ကုန်။ ။ Realme စမတ်ဖုန်း Brand သစ်အနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၇)ရက်တွင် ရန်ကုန်မြို့၊ Melia Hotel ၌ Realme C1 Launch Event အခမ်းအနားကို အနုပညာရှင်များစွာဖြင့်မိတ်ဆက်ပေးသွားခဲ့သည်။ ကြီးသောမျက်နှာပြင်နှင့် ကြီးမားသောဘက်ထရီပါဝင်သည့် Realme C1 ကို ဈေးနှုန်း ၁၅၉,၉ဝဝ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး Navy Blue နှင့် Mirror Black အရောင်၂မျိုးကို ရွေးချယ်ဝယ်ယူနိုင်စေမည်ဖြစ်သည်။

ယခု Realme C1 Launch Event သို့ Realme ၏ Brand ပုံရိပ်များဖြစ်ကြသည့်အကယ်ဒမီပြေတီဦး၊ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့နှင့်အတူ မော်ဒယ် သင်ဇာဝင့်ကျော်၊ မြန်မာ့ဂုဏ်ဆောင် MMA Fighter တစ်ဦးဖြစ်သူ Aung La Nsang၊ သရုပ်ဆောင်များဖြစ်ကြသည့် ကောင်းမြတ်စံ၊ ယွန်းယွန်း၊ အဆိုတော် X-Box၊ Dee Dee Burmese Vlog တို့နှင့်အတူ အခြားသောအနုပညာရှင်များစွာတက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစတွင် Myanmar’s Got Talent 2018 Winner အဖွဲ့ဖြစ်သည့် Junior Creative က မြူးကြွသွက်လက်သောကကွက်ဆန်းများဖြင့် ဖျော်ဖြေသွားခဲ့သည်။ ထို့နောက်တွင် MC က ဖွင့်ပွဲအခမ်းအနားကို မိတ်ဆက်ပေးပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များ၏လက်ခုပ်သံများဖြင့် Realme C1 Launch Event ကိုဖွင့်လှစ်ပေးခဲ့သည်။ Realme Brand နှင့်ပတ်သက်သည့် သိကောင်းစရာများကို Realme ၏ Head of Brand Communications ဖြစ်သူကိုဝေဖြိုးအောင်ကရှင်းလင်းပြောကြားပေးခဲ့ပြီး ဖျော်ဖြေတင်ဆက်မှုဒုတိယပိုင်းအဖြစ် အဆိုတော် X-Box က သီချင်းအသစ်များဖြင့် သီဆိုပေးသွားခဲ့သည်။ ဆက်လက်၍ Realme C1 ထုတ်ကုန်အကြောင်းများကို ကိုဝေဖြိုးအောင်ကပင် ဆက်လက်မိတ်ဆက်ပြောကြားခဲ့သည်။ ယနေ့အခမ်းအနား၏ အထူးဧည့်သည်တော်ဖြစ်သော မြန်မာ့ဂုဏ်ဆောင် MMA Fighter ဖြစ်သူ Aung La Nsang ကစင်ပေါ်တက်ရောက်ကာ Realme C1 Launch Event တက်ရောက်ခွင့်ရသည့်အပေါ်၎င်း၏ဂုဏ်ယူ ဝမ်းသာသည့်ခံစားချက်ကိုဝေမျှပေးခဲ့သလို Realme C1 ထုတ်ကုန်နှင့်အတူ အမှတ်တရာဓာတ်ပုံများအရိုက်ခံခဲ့သည်။ Realme နှင့်အတူ Brand ပုံရိပ်များဖြစ်ကြသည့် အကယ်ဒမီပြေတီဦးနှင့် အကယ်ဒမီအိန္ဒြာကျော်ဇင်တို့လက်တွဲပူးပေါင်းဖန်တီးထားသည့် TVC video တစ်ခုကိုပြသပေးပြီးနောက်တွင် စင်ပေါ်၌ Realme C1 Launch Event တက်ရောက်လာကြသည့်၎င်းတို့၏ရင်ခုန်ခံစားချက်နှင့်အတူ Realme C1 ကိုစမ်းသပ်သုံးစွဲထားသည့် အတွေ့အကြုံတချို့ကိုပါ ပရိသတ်များနှင့်အတူ ဝေမျှပေးသွားခဲ့သည်။
ထို့နောက် နာမည်ကြီးမော်ဒယ်ဖြစ်သူ သင်ဇာဝင့်ကျော်ပါဝင်ရိုက်ကူးထားသည့် TVC video ကိုပြသကာ Realme နှင့်အတူ သူမ၏လက်တွဲပူးပေါင်းဖန်တီးဖြစ်ခဲ့သည့် ယခု video အကြောင်းကို ဖွင့်ဟပြောကြားသွားခဲ့သည်။

ယနေ့အခမ်းအနား၏အရေးကြီးဆုံးအပိုင်းတစ်ခုဖြစ်သည့် Realme C1 ဈေးနှုန်းကြေညာပေးခြင်းကို Realme Myanmar ၏ CEO ဖြစ်သူ Mr.David က ကျေးဇူးတင်မိတ်ဆက်စကားနှင့်အတူ ကြေညာပေးသွားခဲ့သည်။ One More Thing ကဏ္ဍအဖြစ် နောက်ထပ်ထုတ်ကုန်သစ်တစ်ခုဖြစ်သော Realme 2 Pro စမတ်ဖုန်းသစ်ကိုပါ မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် တင်သွင်းရောင်းချပေးသွားမည့်အကြောင်းနှင့် ဈေးနှုန်းတို့ကိုပါကြေညာပေးခဲ့သည်။ Realme 2 Pro ကို Version ၂မျိုးတင်သွင်းပေးသွားမည်ဖြစ်ပြီး RAM 4GB + ROM 64GB အတွက် ၃၁၉,၉ဝဝ ကျပ်နှင့် RAM 8GB+ ROM 128GB အတွက် ၃၉၉,၉ဝဝ ကျပ်ကျသင့်မည်ဖြစ်သည်။

စင်ပေါ်တွင် Realme မှတာဝန်ရှိသူများ နှင့်ကြွရောက်လာကြသည့်အနုပညာရှင်များ အားလုံးစုပေါင်းကာ အမှတ်တရအဖွဲ့လိုက်ဓာတ်ပုံများရိုက်ကူးခဲ့ကြသလို ဧည့်ပရိသတ်များအတွက် Realme C1 စမတ်ဖုန်းသစ် ၈လုံးနှင့် Live Stream မှတစ်ဆင့် Realme C1 Launch Event ကိုကြည့်ရှုနေကြသည့်ပရိသတ်များအတွက် နောက်ထပ် Realme C1 တစ်လုံးကိုပါ မဲဖောက်ပေးမည်ဟု ကြေညာပေးသွားခဲ့သည်။ အခမ်းအနားနောက်ဆုံးပိုင်းတွင် ဧည့်သည်တော် များအားလုံး ယခုမိတ်ဆက်ပေးခဲ့ကြသည့် Realme C1 နှင် Realme 2 Pro တို့ကိုကိုယ်တိုင်ကိုယ်ကျစမ်းသပ်အသုံးပြုနိုင်စေရန်အတွက် Product Experience Zone ကိုဖွင့်လှစ်ကာ အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့သည်။