Realme ဟာ တရုတ်နဲ့ အိန္ဒိယတွေမှာ Realme X50 Pro နဲ့ Realme TV တွေကို မိတ်ဆက်တဲ့ Event မှာ Buds Q, Buds Air Neo နဲ့ Power Bank နှစ်မျိုးကိုပါ မိတ်ဆက် ဖြန့်ချိခဲ့ပါတယ်။ Buds Q နဲ့ Buds Air Neo တို့ဟာ truly-wireless earbuds တွေဖြစ်ကြပါတယ်။

Buds Q ကတော့ စုစုပေါင်း ဘက်ထရီသက်တမ်း နာရီ ၂၀ အထိ သုံးနိုင်တယ်လို့ ကုမ္ပဏီက ကြော်ငြာထားပါတယ်။ Bluetooth 5.0 ထောက်ပံ့ထားပြီး IPX4 rate ဖြစ်တဲ့အတွက် သာမန်ရေစိုတာတော့ ခံနိုင်ရည်ရှိပါတယ်။ နားကြပ်တစ်ဖက်စီကတော့ 3.6g အ လေးချိန်စီရှိပြီး Case နဲ့ဆိုရင်တော့ 35.3g အလေးချိန် ရှိပါတယ်။ 10mm drivers နဲ့ဖြစ်ပြီး 30W အမြန်အားသွင်းစနစ် ထောက်ပံ့ထားပေမယ့် ကြိုးမဲ့အားသွင်းစနစ်တော့ မပါဝင်ပါဘူး။ ဈေးနှုန်းက CNY 129 (၂ သောင်းခွဲဝန်းကျင်) ဖြစ်ပါတယ်။

Buds Air Neo က Buds Air နဲ့ တူတူပဲ ဖြစ်ပေမယ့် 13mm Dynamic Bass Boost Driver နဲ့ ဖြစ်လာပါတယ်။ Case မှာတော့ ကြိုးမဲ့အားသွင်းစနစ် မပါဝင်သလို၊ ပတ်ဝန်းကျင်ဆူညံသံကိုလည်း ပယ်ဖျက်ပေးနိုင်မှာ မဟုတ်ပါဘူး။ Case နဲ့တွဲထားရင် စုစုပေါင်း ၁၇ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပြီး Buds သီးသန်းဆိုရင်တော့ ၃ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bluetooth 5.0 ထောက်ပံ့ထားပြီး 119.2ms latency လို့ဆိုပါတယ်။ အစိမ်း၊ အနီနဲ့ အဖြူရောင်သုံးမျိုး ရရှိနိုင်ပြီး ဈေးနှုန်းကတော့ CNY 270 (၅ သောင်း ၃ ထောင်ဝန်းကျင်) ဖြစ်ပါတယ်။

အခြားထုတ်ကုန်တွေဖြစ်တဲ့ Power bank နှစ်မျိုးကတော့ 30W Dart နဲ့ Realme 10,000mAh Power Bank 2 တို့ပဲ ဖြစ်ပါတယ်။ 30W Dart ကတော့ 10,000mAh နဲ့ဖြစ်ပြီး နာမည်အတိုင်း 30W အမြန်အားသွင်း(ကြိုး) စနစ်နဲ့ပါ။ တရုတ်ပြည်ဈေးကွက်သီးသန့်ပဲ ဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရပါဘူး။ Realme Power Bank 2 ကလည်း 10,000mAh နဲ့ပဲ ဖြစ်ပြီး သူကတော့ 18W tow-way charging စနစ်ထောက်ပံ့ပေးထားတာပါ။ USB-A နဲ့ USB-C ပေါက်တွေ ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ INR 999 ( ၂ သောင်းဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena