realme ကနေ ပြီးခဲ့တဲ့လတုန်းက ကမ္ဘာ့အမြန်ဆန်ဆုံး Fast Charging နည်းပညာဖြစ်တဲ့ 125W UltraDart Fast Charging နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ 125W Fast Charging ပါဝင်တဲ့ စမတ်ဖုန်းတွေကိုတော့ မိတ်ဆက်နိုင်ခြင်းမရှိသေးပါဘူး။

အခုလိုမျိုး 125W Fast Charging ပါဝင်တဲ့ဖုန်းကို မမိတ်ဆက်နိုင်သေးပေမယ့် မကြာခင်မှာ 65W Fast Charging ပါဝင်တဲ့ စမတ်ဖုန်း ၃ မျိုးကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ realme စမတ်ဖုန်းအသစ်တွေဟာ RMX2121 ၊ RMX2176 နဲ့ RMX2200/RMX2201 ဆိုပြီး Model Number သတ်မှတ်ထားသလို China TENAA ကနေတစ်ဆင့် RMX2176 နဲ့ RMX2200/RMX2201 ဖုန်းတွေရဲ့ ဓါတ်ပုံကလည်းပေါက်ကြားလာခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါ realme စမတ်ဖုန်းအသစ်တွေဟာ realme 8 Series ဆိုပြီး မိတ်ဆက်လာနိုင်သလို Battery Capacity အနေနဲ့ 4300mAh နဲ့ 4500mAh ဆိုပြီး ၂ မျိုးကွဲပြားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ဖုန်းတွေအကုန်လုံးမှာ 65W Fast Charging ကို Support ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျမသိရှိရသေးပေမယ့် RMX2176 ဖုန်းကတော့ Full HD+ Punch-hole Display ပါဝင်မှာဖြစ်ပါတယ်။ Performance အနေနဲ့ကတော့ Octa-Core 2.4GHz Processor ကိုမှ RAM 6GB +128GB နဲ့ RAM 8GB + 256GB Storage ဆိုပြီး ၂ မျိုးထွက်ရှိလာမှာပါ။ Camera အနေနဲ့ကတော့ 64MP + 8MP + 2MP + 2MP Quad Camera Setup အပြင် 32MP Selfie Camera လည်းပါဝင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် realme ရဲ့ ဖုန်း Series အသစ်တွေက Performance ပိုင်းမှာတော့ တော်တော်လေးကို ကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China