[Zawgyi]

Qualcomm ဟာ ႐ုတ္တရက္ဆိုသလိုပဲ Smapdragon 855 Plus အေၾကာင္းကို ေၾကညာခဲ့ပါတယ္။ ဒီ Chipset ဟာ လက္ရွိ Flagship 855 SoC ရဲ႕ Overclocked version လို႔ ဆိုရမွာပါ။ 855 Plus ဟာ GPU စြမ္းေဆာင္ရည္ကို ၁၅% ပိုၿပီး ျမန္ဆန္ေစမွာျဖစ္တဲ့အတြက္ လာမယ့္ ဂိမ္းမင္းဖုန္းေတြအတြက္ ပစ္မွတ္ျဖစ္လာႏိုင္ပါတယ္။

Snapdragon 855 Plus ကို မၾကာခင္မိတ္ဆက္ေတာ့မယ့္ Asus ROG Phone 2 မွာ ပထမဦးဆုံး ျမင္ေတြ႕ရမယ္လို႔ သတင္းေတြထြက္ေပၚေနတုန္းမွာ Realme ကလည္း ဒီဇာတ္လမ္းထဲကို ဝင္လာတာပဲ ျဖစ္ပါတယ္။ ကုမၸဏီက Weibo အေကာင့္မွာ “Hello, Snapdragon 855+” ဆိုၿပီး ပို႔စ္ကို မွ်ေဝခဲ့တာပါ။ ဒီလိုလုပ္လိုက္တာက Snapdragon 855 plus နဲ႔ Realme ၾကားက ဆက္စပ္မႈတစ္ခုအတြက္ သဲလြန္စေပးလိုက္တာလို႔ မီဒီယာေတြက ယူဆေနၾကပါတယ္။

Realme အေနနဲ႔ Snapdragon Chipset သစ္ကို ႀကိဳဆိုတဲ့အေနနဲ႔ ျပဳလုပ္ခဲ့တယ္လို႔ ႐ိုး႐ိုးေလးပဲ ေတြးလိုက္ရင္လည္း ရပါတယ္။ ဒါေပမယ့္ ကုမၸဏီရဲ႕ ထုတ္ကုန္တစ္ခုခုမွာ မသုံးဘဲနဲ႔ ဘာအေၾကာင္းေၾကာင့္ ဒီ Chipset ကို ရည္ၫႊန္းရသလဲဆိုတဲ့ ေမးခြန္းကိုလည္း မေမးဘဲထားလို႔မရပါဘူး။ ဒါ့အျပင္ Realeme ဟာ ေနာက္ဆုံးေပၚ၊ ဒါမွမဟုတ္ ေနာက္ဆုံးေပၚနည္းပညာနဲ႔ အစိတ္အပိုင္းေတြသုံးထားတဲ့ စမတ္ဖုန္းတစ္လုံးအတြက္ လႈပ္ရွားေနတယ္ဆိုတာကို အားလုံးလည္း သိၿပီးသားျဖစ္ေနပါလိမ့္မယ္။

Realme ရဲ႕ CEO Madhav Sheth ကေတာ့ 64MP အဓိကကင္မရာပါဝင္တဲ့ ကင္မရာေလးလုံးနဲ႔ဖုန္းအေၾကာင္းကို ၿပီးခဲ့တဲ့လကတည္းက အစဆြဲထုတ္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေနာက္ဆုံးေပၚ Chipset နဲ႔ Realme တို႔ ဆက္စပ္မႈရွိမယ္လို႔ အားလုံးက တြက္ခ်က္ၾကတာ ျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး။ ကုမၸဏီက 5G ခ်ိတ္ဆက္သုံးႏိုင္မယ့္ စမတ္ဖုန္းထုတ္မယ္လို႔ အေစာကတည္းက အတည္ျပဳေပးထားၿပီးသားပါ။

ဒီေတာ့ ထြက္ခဲ့ၿပီးသား သတင္းေတြစုစည္းၿပီး အခ်က္အလက္ေတြကို ဆန္းစစ္ၾကည့္မယ္ဆိုရင္ Realme အေနနဲ႔ Snapdragon 855 Plus သုံးထားမယ့္ စမတ္ဖုန္းတစ္လုံးကို ျပင္ဆင္ေနၿပီလို႔ ေကာက္ခ်က္ခ်ႏိုင္ၿပီ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Snapdragon 855 Plus နဲ့ စမတ်ဖုန်းတစ်မျိုး ထုတ်ဖို့စီစဉ်နေတဲ့ Realme

Qualcomm ဟာ ရုတ်တရက်ဆိုသလိုပဲ Smapdragon 855 Plus အကြောင်းကို ကြေညာခဲ့ပါတယ်။ ဒီ Chipset ဟာ လက်ရှိ Flagship 855 SoC ရဲ့ Overclocked version လို့ ဆိုရမှာပါ။ 855 Plus ဟာ GPU စွမ်းဆောင်ရည်ကို ၁၅% ပိုပြီး မြန်ဆန်စေမှာဖြစ်တဲ့အတွက် လာမယ့် ဂိမ်းမင်းဖုန်းတွေအတွက် ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။

Snapdragon 855 Plus ကို မကြာခင်မိတ်ဆက်တော့မယ့် Asus ROG Phone 2 မှာ ပထမဦးဆုံး မြင်တွေ့ရမယ်လို့ သတင်းတွေထွက်ပေါ်နေတုန်းမှာ Realme ကလည်း ဒီဇာတ်လမ်းထဲကို ဝင်လာတာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီက Weibo အကောင့်မှာ “Hello, Snapdragon 855+” ဆိုပြီး ပို့စ်ကို မျှဝေခဲ့တာပါ။ ဒီလိုလုပ်လိုက်တာက Snapdragon 855 plus နဲ့ Realme ကြားက ဆက်စပ်မှုတစ်ခုအတွက် သဲလွန်စပေးလိုက်တာလို့ မီဒီယာတွေက ယူဆနေကြပါတယ်။

Realme အနေနဲ့ Snapdragon Chipset သစ်ကို ကြိုဆိုတဲ့အနေနဲ့ ပြုလုပ်ခဲ့တယ်လို့ ရိုးရိုးလေးပဲ တွေးလိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ ထုတ်ကုန်တစ်ခုခုမှာ မသုံးဘဲနဲ့ ဘာအကြောင်းကြောင့် ဒီ Chipset ကို ရည်ညွှန်းရသလဲဆိုတဲ့ မေးခွန်းကိုလည်း မမေးဘဲထားလို့မရပါဘူး။ ဒါ့အပြင် Realeme ဟာ နောက်ဆုံးပေါ်၊ ဒါမှမဟုတ် နောက်ဆုံးပေါ်နည်းပညာနဲ့ အစိတ်အပိုင်းတွေသုံးထားတဲ့ စမတ်ဖုန်းတစ်လုံးအတွက် လှုပ်ရှားနေတယ်ဆိုတာကို အားလုံးလည်း သိပြီးသားဖြစ်နေပါလိမ့်မယ်။

Realme ရဲ့ CEO Madhav Sheth ကတော့ 64MP အဓိကကင်မရာပါဝင်တဲ့ ကင်မရာလေးလုံးနဲ့ဖုန်းအကြောင်းကို ပြီးခဲ့တဲ့လကတည်းက အစဆွဲထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးပေါ် Chipset နဲ့ Realme တို့ ဆက်စပ်မှုရှိမယ်လို့ အားလုံးက တွက်ချက်ကြတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကုမ္ပဏီက 5G ချိတ်ဆက်သုံးနိုင်မယ့် စမတ်ဖုန်းထုတ်မယ်လို့ အစောကတည်းက အတည်ပြုပေးထားပြီးသားပါ။

ဒီတော့ ထွက်ခဲ့ပြီးသား သတင်းတွေစုစည်းပြီး အချက်အလက်တွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် Realme အနေနဲ့ Snapdragon 855 Plus သုံးထားမယ့် စမတ်ဖုန်းတစ်လုံးကို ပြင်ဆင်နေပြီလို့ ကောက်ချက်ချနိုင်ပြီ ဖြစ်ပါတယ်။

Ref: GSM Arena