realme ဟာ သူ့ရဲ့ Narzo 50 စီးရီးမှာ Narzo 50i, Narzo 50A, Narzo 50 (4G) နဲ့ Narzo 50A Prime စတဲ့ မော်ဒယ်လေးမျိုးကို ထုတ်ပြခဲ့ပြီးပါပြီ။ အခုတော့ ကုမ္ပဏီဟာ Narzo 50 စီးရီးမှာ နောက်ထပ် အဖွဲ့ဝင်နှစ်မျိုးကို ထည့်သွင်းသွားဦးမှာဖြစ်ပါတယ်။

Narzo 50 စီးရီးထဲကို အသစ်ဝင်ရောက်လာတဲ့ မော်ဒယ်နှစ်မျိုးကတော့ realme Narzo 50 (5G) နဲ့ realme Narzo 50 Pro 5G တို့ပဲ ဖြစ်ကြပါတယ်။ ဒီစမတ်ဖုန်းတွေကို အိန္ဒိယဈေးကွက်ထဲမှာ ဖြန့်ချိသွားမှာဖြစ်ပြီး ရက်ကတော့ လာမဲ့ မေလ၁၈ ရက်နေ့ ဖြစ်ပါတယ်။ အချိန်ကတော့ အိန္ဒိယစံတော်ချိန် နေ့လယ် ၁၂:၃၀ ဖြစ်ပြီး အွန်လိုင်းကတစ်ဆင့် မိတ်ဆက်မှာဖြစ်ပါတယ်။

realme Narzo 50 (5G) နဲ့ realme Narzo 50 Pro 5G မိတ်ဆက်ပွဲကို ကုမ္ပဏီရဲ့ တရားဝင် Facebook စာမျက်နှာနဲ့ YouTube channel တို့မှာ တိုက်ရိုက်ထုတ်လွှင့်မှာလည်း ဖြစ်ပါတယ်။ realme ဟာ Narzo 50 (5G) နဲ့ Narzo 50 Pro 5G တို့ရဲ့ အသေးစိတ်အချက်အလက်ကို ဖော်ပြထားခြင်းမရှိပေမဲ့ Pro မော်ဒယ်ဟာ Dimensity 920 SoC မောင်းနှင်မှာဖြစ်တယ်လို့တော့ တရားဝင်ကြေညာထားတာ ဖြစ်ပါတယ်။

realme က မျှဝေထားတဲ့ Teaser မှာတော့ Narzo 50 Pro 5G ဟာ ဘယ်ဘက်အပေါ်ထောင့်မှာ Punch Hole တစ်ခုပါရှိတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကို Amazon.in က စမတ်ဖုန်းရဲ့ ပရိုမိုးရှင်းစာမျက်နှာမှာလည်း အတည်ပြုထားပါတယ်။ ဒါ့အပြင် အပူချိန်ကို 10°C အထိလျှော့ချဖို့ Vapor chamber cooling system လည်း ပါဝင်လာမယ်လို့ ကြေညာထားပါတယ်။

လက်ရှိအချိန်အထိတော့ realme Narzo 50 (5G) နဲ့ realme Narzo 50 Pro 5G တို့ရဲ့ အခြားအချက်အလက်တွေကို မသိရသေးသလို၊ ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။ တရားဝင်မိတ်ဆက်မဲ့ရက်က သိပ်မဝေးတော့တာကြောင့် သည်းခံပြီးစောင့်ဆိုင်းရတော့မှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena