realme Narzo 50 ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ Narzo 50 ရဲ့ အချက်အလက်အချို့ ထပ်မံပြီးထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် Narzo 50 ရဲ့ မျက်နှာပြင်နဲ့ အခြားအစိတ်အပိုင်းတွေအကြောင်းကို အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

Teaser သစ်အရ realme Narzo 50 ဟာ 120Hz refresh rate နဲ့ မျက်နှာပြင်ကို ယူဆောင်လာမှာဖြစ်ကြောင်း သိလာရပါတယ်။ ဒါ့အပြင် MediaTek ရဲ့ Helio G96 chipset နဲ့ ပါဝါထောက်ပံ့မဲ့အကြောင်းကိုလည်း အတည်ပြုနိုင်ပြီဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပြီး 33W Dart အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးပါလိမ့်မယ်။

FCC listing အရ မော်ဒယ်နံပါတ် RMX 3286 နဲ့ Device ရဲ့ အဓိကအချက်အလက်အချို့လည်း သိလာရပါတယ်။ ဒါ့အပြင် ဟန်းဆက်ကိုတိုက်ရိုက်ဖော်ပြတဲ့ ရုပ်ပုံတွေလည်း တွေ့မြင်ရပါတယ်။ ရုပ်ပုံတွေအရ Selfie ကင်မရာအတွက် ဘယ်ဘက်ထိပ်အပေါ်ထောင့်မှာ Punch-hole တစ်ခုရှိပြီး ကျောဘက်မှာတော့ ကင်မရာသုံးလုံး တပ်ဆင်ထားတာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ 6.6-inch လို့ သိရပါတယ်။

ဘေးဘောင်မှာရှိတဲ့ ပါဝါခလုတ်ကလည်း Fingerprint scanner နဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့အတိုင်းအတာကတော့ 164.1 x 75.5 x 8.5mm ဖြစ်ပါတယ်။ ကျောဘက်မှာ 50MP အဓိကကင်မရာကို 2MP ကိုယ်စီရှိတဲ့ Macro နဲ့ Depth sensors တွေနဲ့ တွဲဖက်ပေးထားပါတယ်။ Selfie ကတော့ 16MP sensor ဖြစ်ပါတယ်။ Android 12 အခြေခံ realme UI 3.0 နဲ့ထွက်လာမှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena