သတင်းတွေ ဆက်တိုက်ထွက်ရှိနေခဲ့တဲ့ realme Pad Mini ကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် realme Pad Mini ရဲ့ သတင်းအချက်အလက်အပြည့်အစုံအပြင် စျေးနှုန်းကိုပါ တရားဝင်သိရှိရပါပြီ။

realme Pad Mini ဟာ 1340 x 800 Pixel Resolution ရှိတဲ့ HD+ 8.7″ LCD Display ကို အသုံးပြုထားပြီး အရွယ်အစားအနေနဲ့ ပုံမှန် Android Tablet တွေထက် သေးငယ်မှာဖြစ်ပါတယ်။ ဘေးဘောင်တွေကိုလည်း ပါးလွှာအောင် ပြုလုပ်ထားတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ ကိုင်ထားနိုင်မှာပါ။

Performance ပိုင်းအနေနဲ့ကတော့ Entry Level Chipset တစ်ခုဖြစ်တဲ့ Unisoc T616 Chipset ကို အသုံးပြုထားပြီး RAM 3GB + 32GB သို့မဟုတ် RAM 4GB + 64GB Version ဆိုပြီး ထွက်ရှိထားမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Single 8MP Sensor ကို Back Camera အနေနဲ့ထည့်သွင်းပေးထားပြီး Selfie Camera အနေနဲ့ကတော့ 5MP Sensor ပါဝင်မှာဖြစ်ပါတယ်။

realme Pad Mini ဟာ 6400mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging အပြင် Reverse Wired Charging ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ ကျန်တဲ့ USB-C Port ၊ 3.5mm Headphone Jack တွေလည်းပါဝင်မယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ RAM 3GB + 32GB (Wi-Fi + LTE) Version ကို PHP9,990 (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) နဲ့ RAM 4GB + 64GB (Wi-Fi + LTE) Version ကိုတော့ PHP11,990 (မြန်မာငွေ ၄ သိန်း ၂ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena