realme ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက် ဖြစ်တဲ့ realme Pad ကို ကြေညာခဲ့ပြီး ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ Madhav Sheth က ၂၀၂၂ ခုနှစ်မှာ တက်ဘလက် အသစ်တွေ ထုတ်လုပ်ရောင်းချမယ်လို့ မကြာခင်က သတင်းစကားပါလာခဲ့ပါတယ်။ realme က ဒီနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် တက်ဘလက်တွေအကြောင်း မပြောသေးပေမယ့် အဲဒီအထဲက ၁ လုံးဟာ realme Pad Mini ဖြစ်တယ်လို့ သတင်းပေါက်ကြားနေပါတယ်။ အဲဒီ တက်ဘလက်ကို ထိုင်းရဲ့ NBTC မှာ မှတ်ပုံတင်ထားတဲ့အတွက် လာမယ့် ၁ လ၊ ၂ လအတွင်း ကြေညာနိုင်ပါတယ်။

Realme Pad Mini gets NBTC certified, camera specs surface

NBTC မှာ relme Pad Mini (RMP2105) ရဲ့ Specs Sheet အသေးစိတ်ကို မဖော်ပြထားပေမယ့် LTE ဆက်သွယ်မှု ပါမယ်လို့ ရေးသားထားပါတယ်။ LTE Version ထက် ဈေးပိုသက်သာတဲ့ WiFi Only မော်ဒယ်လည်း ထွက်လာမှာ သေချာသလောက် ရှိပါတယ်။

Realme Pad Mini gets NBTC certified, camera specs surface

realme Pad Mini ဟာ Geekbench ကိုလည်း ရောက်လာပြီ ဖြစ်ပြီး Unisoc Octa-core Processor , 3GB RAM နဲ့ Android 11 တို့ အပါအဝင် အဓိက Specs တွေကို ဖော်ပြထားပါတယ်။ ဒါ့အပြင် အနောက်ဘက်မှာ 8MP ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ တပ်ဆင်ထားမှာ ဖြစ်ပြီး မူလ realme Pad မှာ အရှေ့နဲ့ အနောက် ကင်မရာတွေအတွက် 8MP ကို သုံးထားပါတယ်။

လက်ရှိမှာ realme Pad Mini အကြောင်း ဒီလောက်ပဲ သိရသေးပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်း ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena