realme ဟာ realme Pad ကို ကြေညာပြီး တက်ဘလက်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အခုတော့ realme Philippines က realme Pad Mini အမည်ရ တက်ဘလက် အသစ် ၁ လုံးကို Tease လုပ်လိုက်ပြီး အဲဒီ တက်ဘလက်ရဲ့ Specs တွေကို ဖိလစ်ပိုင် မီဒီယာ ၁ ခုက မျှဝေလိုက်ပါတယ်။

Realme Pad Mini

Hungry Geeks က realme Pad Mini ရဲ့ အထူဟာ ၇.၆ မီလီမီတာ ရှိပြီး အလေးချိန်က ၃၇၂ ဂရမ် ရှိမယ်လို့ ပြောပါတယ်။ ၈.၇ လက်မ 1340x800p မျက်နှာပြင် ထည့်သွင်းထားပြီး Unisoc T616 Chipset မောင်းနှင်ထားမှာပါ။ 3GB RAM + 32GB Storage နဲ့ 4GB RAM + 64GB Storage မော်ဒယ် ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး ၂ ခုစလုံးမှာ LTE ဆက်သွယ်မှု ပါလာမှာပါ။

Realme Pad Mini specs and renderings leak revealing entry-level 8.7-inch Android tablet with 8-core Unisoc Tiger T616 chipset - NotebookCheck.net News

1TB microSD Card စိုက်နိုင်တဲ့ Slot တပ်ဆင်ထားပြီး 18W Fast Charging ထောက်ပံ့တဲ့ 6,400mAh ဘက်ထရီ ပါလာမှာပါ။ ကင်မရာ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး အညိုနဲ့ အပြာရောင် ထုတ်လုပ်ထားမှာပါ။ လက်ရှိမှာ တက်ဘလက်ရဲ့ ဈေးနှုန်းကို မသိရသေးဘဲ ဧပြီလ ၄ ရက်နေ့ ဖိလစ်ပိုင်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

အရင်နှစ်ထုတ် realme Pad အကြောင်း ပြန်လေ့လာကြည့်ရင် ၁၀.၄ လက်မ IPS LCD 1200x2000p မျက်နှာပြင်၊ Helio G80 Chipset ၊ 3GB/4GB/6GB RAM ၊ 32GB/64GB/128GB Storage ၊ 18W Fast Charging နဲ့ 7,100mAh ဘက်ထရီတွေ ထည့်သွင်းထားပြီး အရှေ့နဲ့ အနောက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။

Ref : gizmochina