realme က တက်ဘလက် အသစ် ၁ လုံးကို ဖန်တီးနေပြီး အခုတော့ တက်ဘလက် အမည်နဲ့ ကြေညာမယ့်နေ့ကို သိလာရပါပြီ။ realme Pad X ကို မေလ ၂၆ ရက်နေ့ တရုတ်မှာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီမှာ ကြေညာမယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ တရားဝင် မျှဝေထားတဲ့ ဓါတ်ပုံမှာ Fancy Green ဒီဇိုင်းကို မြင်ရပေမယ့် ဝီဘိုမှာ ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေအရ တခြား အရောင် ၂ ရောင်ကိုပါ တွေ့ရပါတယ်။

Realme Pad XRealme Pad XRealme Pad X

realme Pad X မှာ Snapdragon 870 Chipset မောင်းနှင်ထားမယ်လို့ ကုမ္ပဏီရဲ့ CMO က အတည်ပြုထားပြီး 5G ဆက်သွယ်မှု ပါတဲ့ realme ရဲ့ ပထမဆုံး တက်ဘလက် ဖြစ်လာမှာပါ။ ဓါတ်ပုံအရ အရွယ်ကြီး Island ထဲမှာ ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Realme Pad XRealme Pad XRealme Pad X

ဓါတ်ပုံတွေအရ မျက်နှာပြင်ဘေးဘောင်တွေဟာ အရမ်းကို ပါးလွှာပြီး ဘေးဘက်တွေက ပြားချပ်ပါတယ်။ တက်ဘလက်ကို ဒေါင်လိုက် ကိုင်ထားရင် အရှေ့ ကင်မရာက ညာဘက်ခြမ်းမှာ တည်ရှိပါတယ်။ ကင်မရာ Specs တွေကို မသိရသေးပေမယ့် မျက်နှာပြင်ဟာ QHD+ Resolution ရှိပြီး 120Hz Refresh Rate ကို ထောက်ပံ့မယ်ဆိုတာ သိထားပါတယ်။ အရွယ်အစားကြီးမားတဲ့ ဘက်ထရီ ပါလာမှာပါ။

တရားဝင် မိတ်ဆက်ပွဲ ကျင်းပဖို့ ရက်အနည်းငယ်လိုသေးတဲ့အတွက် အဲဒီမတိုင်ခင် realme ဟာ တက်ဘလက်ရဲ့ Specs တွေနဲ့ လုပ်ဆောင်ချက်တွေကို ပိုမို မျှဝေလာနိုင်ပါတယ်။

Ref : gsmarena