realme ဟာ ပြီးခဲ့တဲ့ realme 5 စမတ်ဖုန်းတွေကတည်းက လက်ရှိအချိန်အထိ ဖုန်းရဲ့ နောက်ဖက် ဘယ်ဘက်ထောင့်မှာ ဒေါင်လိုက် Design နဲ့ Quad Camera Setup ကို အသုံးပြုနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အသုံးပြုသူတွေရဲ့ ဝေဖန်မှုကို ခံနေရတာလည်းဖြစ်ပါတယ်။

အဲ့ဒီအတွက် realme ကနေ လာမယ့်ဇူလိုင်လအတွင်းမှာ Camera Design အသစ်နဲ့ စမတ်ဖုန်းကို မိတ်ဆက်သွားမယ်ဆိုပြီး ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ MediaTek Helio G35 Chipset အသစ်ကို အသုံးပြုလာမယ့် Budget ဖုန်းအသစ် realme C11 ဖြစ်လာဖို့လည်း များနေပါတယ်။

အခုလည်း realme ကနေ China Intellectual Property Administration (CNIPA) ဆီမှာ နောက်ထပ် Camera Design ၄ မျိုးကို မူပိုင်ခွင့်ရယူလိုက်ပါတယ်။ အဆိုပါ သတင်းကိုတော့ Twitter အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ “the_tech_guy” ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါ Camera Design အသစ်တွေဟာ Quad Camera Setup ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

အဆိုပါ Camera Design အသစ်တွေဟာ ယေဘုယျအနေနဲ့ Quad Camera Setup ကို ဖုန်းရဲ့ နောက်ကျောဘက်အလယ်မှာ ထားရှိသွားမှာဖြစ်ပြီး Vivo နဲ့ OnePlus တို့က အသုံးပြုဖူးသလို လေးထောင့်နဲ့ အဝိုင်းပုံစံ ပြုလုပ်ထားတဲ့ Design တွေကိုလည်းတွေ့ရှိရပါတယ်။ ကျန်တဲ့ “X” ပုံစံနဲ့ “+” ပုံစံ Camera Setup တွေကတော့ လက်ရှိတခြားသော စမတ်ဖုန်းတွေမှာ မတွေ့ရှိရသေးတဲ့ Camera Design တွေလို့တောင်ပြောနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် realme အနေနဲ့ လာမယ့် realme C11 စမတ်ဖုန်းကနေ စတင်ပြီးတော့ စမတ်ဖုန်းတွေရဲ့ Design ပိုင်းကိုပြောင်းလဲသွားမယ်လို့ ယူဆရပြီးတော့ နောက်ပိုင်းမှာ ဘယ်လိုမျိုး Design တွေဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Giz China