[Zawgyi]

Realme 5 Pro ကို အိႏၵိယမွာ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းရဲ႕ ေမာ္ဒယ္ အသစ္ ၁ လံုးကို  Realme Q နာမည္နဲ႔ တရုတ္မွာ မိတ္ဆက္လိုက္ပါတယ္။ ဒီဇိုင္းအပိုင္းမွာေတာ့ Realme Q ဟာ Realme 5 Pro နဲ႔ တူၿပီး အေနာက္ဘက္မွာ စိန္ပံုသ႑ာန္ Pattern ေတြပါပါတယ္။ အေရာင္ေတြကိုလည္း တူတူပဲ ထုတ္လုပ္ေပးထားပါတယ္။ အေရွ႕ဘက္ အပိုင္းဟာလည္း မေျပာင္းလဲဘဲ တူညီတဲ့ ၆.၃ လက္မ IPS Display ထည့္သြင္းထားပါတယ္။

Realme Q မွာ Snapdragon 712 Chipset နဲ႔ အေနာက္ကင္မရာ ၄ လံုး ပါပါတယ္။ Display မွာ အရြယ္ေသး Notch တပ္ဆင္ထားၿပီး 16MP Selfie Camera ပါပါတယ္။ အေနာက္ဘက္မွာ 48MP Main Sony IMX 586 , 8MP Ultrawide Sensor, 2MP Macro Sensor နဲ႔ 2MP Depth Sensor ေတြ ထည့္သြင္းထားပါတယ္။

ဘက္ထရီကလည္း တူတူပဲ ျဖစ္ၿပီး 20W VOOC 3.0 Fast Charging ပါတဲ့ 4,035mAh Battery ပါပါတယ္။ Android 9 Pie အေျချပဳ Color OS6 ေမာင္းႏွင္ထားပါတယ္။ တရုတ္မွာ အဲဒီ စမတ္ဖုန္းကို ၀ယ္ယူဖို႔ စာရင္းေပးသြင္းႏုိင္ၿပီ ျဖစ္ၿပီး စက္တင္ဘာလ ၉ ရက္ေန႔မွာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ 4GB RAM နဲ႔ 64GB Storage ပါတဲ့ အေျခခံ ေမာ္ဒယ္ကို ယြမ္ ၉၉၈ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၁၀,၀၀၀ ေလာက္ က်သင့္ႏုိင္ပါတယ္။ 6/64GB ပါတဲ့ ေမာ္ဒယ္ကို ယြမ္ ၁,၁၉၈ နဲ႔ 8/128GB ပါတဲ့ ေမာ္ဒယ္ကို ယြမ္ ၁,၄၉၈ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၅၀,၀၀၀ နဲ႔ ၃၂၀,၀၀၀ ေလာက္ ရွိႏိုင္ပါတယ္။

Ref : gsmarena

[Unicode]

အနောက်ကင်မရာ ၄ လုံးပါတဲ့ Realme Q ကို ကြေညာ

Realme 5 Pro ကို အိန္ဒိယမှာ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ် အသစ် ၁ လုံးကို Realme Q နာမည်နဲ့ တရုတ်မှာ မိတ်ဆက်လိုက်ပါတယ်။ ဒီဇိုင်းအပိုင်းမှာတော့ Realme Q ဟာ Realme 5 Pro နဲ့ တူပြီး အနောက်ဘက်မှာ စိန်ပုံသဏ္ဍာန် Pattern တွေပါပါတယ်။ အရောင်တွေကိုလည်း တူတူပဲ ထုတ်လုပ်ပေးထားပါတယ်။ အရှေ့ဘက် အပိုင်းဟာလည်း မပြောင်းလဲဘဲ တူညီတဲ့ ၆.၃ လက်မ IPS Display ထည့်သွင်းထားပါတယ်။

Realme Q မှာ Snapdragon 712 Chipset နဲ့ အနောက်ကင်မရာ ၄ လုံး ပါပါတယ်။ Display မှာ အရွယ်သေး Notch တပ်ဆင်ထားပြီး 16MP Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ 48MP Main Sony IMX 586 , 8MP Ultrawide Sensor, 2MP Macro Sensor နဲ့ 2MP Depth Sensor တွေ ထည့်သွင်းထားပါတယ်။

ဘက်ထရီကလည်း တူတူပဲ ဖြစ်ပြီး 20W VOOC 3.0 Fast Charging ပါတဲ့ 4,035mAh Battery ပါပါတယ်။ Android 9 Pie အခြေပြု Color OS6 မောင်းနှင်ထားပါတယ်။ တရုတ်မှာ အဲဒီ စမတ်ဖုန်းကို ဝယ်ယူဖို့ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 4GB RAM နဲ့ 64GB Storage ပါတဲ့ အခြေခံ မော်ဒယ်ကို ယွမ် ၉၉၈ သတ်မှတ်ထားပြီး မြန်မာငွေ ၂၁၀,၀၀၀ လောက် ကျသင့်နိုင်ပါတယ်။ 6/64GB ပါတဲ့ မော်ဒယ်ကို ယွမ် ၁,၁၉၈ နဲ့ 8/128GB ပါတဲ့ မော်ဒယ်ကို ယွမ် ၁,၄၉၈ သတ်မှတ်ထားပြီး မြန်မာငွေ ၂၅၀,၀၀၀ နဲ့ ၃၂၀,၀၀၀ လောက် ရှိနိုင်ပါတယ်။

Ref : gsmarena