[Zawgyi]

Realme Q Smartphone ရဲ႕ သတင္းအခ်က္အလက္ေတြကို ကုမၸဏီက မၾကာခဏ မွ်ေ၀ေနပါတယ္။ အဲဒီ စမတ္ဖုန္းဟာ Realme 5 Pro ကို ဆန္းသစ္ထားတာ ျဖစ္ၿပီး အၾကမ္းခံတဲ့ စြမ္းရည္ေတြ ပါလာမွာ ျဖစ္ပါတယ္။ 48MP အပါအ၀င္ အေနာက္ကင္မရာ ၄ လံုး ထည့္ထားမွာ ျဖစ္ပါတယ္။  Sony IMX586 ဟာ Nightscape Feature အတြက္ အရမ္းေကာင္းတဲ့ Quad Bayer Sensor ျဖစ္ပါတယ္။ ကုမၸဏီက အဲဒီ စမတ္ဖုန္းရဲ႕ Nightscape Feature ကို ျပသထားတဲ့ ဗီဒီယို ၁ ခုကို မွ်ေ၀လိုက္ပါတယ္။

ကုမၸဏီက  Realme Q နဲ႔ ရိုက္ကူးထားတဲ့ ဓါတ္ပံုေတြကိုလည္း ျပသလိုက္ပါတယ္။ ဓါတ္ပံု ၁ ပံုကို အလင္းေရာင္ေကာင္းတဲ့ အခ်ိန္နဲ႔ ေနာက္ ၁ ပံုကို ေန၀င္ခ်ိန္မွာ ရိုက္ကူးထားတာ ျဖစ္ပါတယ္။ Realme Q ရဲ႕ အေနာက္ကင္မရာ ၄ လံုးမွာ Macro Camera ၁ လံုး ပါလာမွာ ျဖစ္ၿပီး အနီးကပ္ ဓါတ္ပံုေတြက အရမ္း လန္းမွာ ျဖစ္ပါတယ္။

Realme Q ကို စက္တင္ဘာလ ၅ ရက္မွာ ေၾကညာမွာ ျဖစ္ၿပီး Realme XT ကိုလည္း ျမင္ရႏုိင္ပါတယ္။ ကုမၸဏီရဲ႕ CMO က Realme Q မွာ 20W VOOC Fast Charging နည္းပညာ ပါမယ့္ 4,035mAh Battery ထည့္သြင္းထားမွာ ျဖစ္ၿပီး USB Type-C Port ကေန အားသြင္းႏိုင္မယ္လို႔ အတည္ျပဳထားပါတယ္။ ဒါ့အျပင္ UFS 2.1 High-speed Flash Memory ပါမယ္လို႔ သူက ေျပာပါတယ္။

Realme 5 Pro မွာလို Snapdragon 712 Processor ထည့္သြင္းထားမယ္လို႔ ေျပာထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ Android 9 Pie အေျချပဳ ColorOS 6 ပါလာမွာပါ။

Ref : gsmarena

[Unicode]

Realme Q မှာ Nightscape Feature နဲ့ Macro Camera ပါလာမည်

Realme Q Smartphone ရဲ့ သတင်းအချက်အလက်တွေကို ကုမ္ပဏီက မကြာခဏ မျှဝေနေပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Realme 5 Pro ကို ဆန်းသစ်ထားတာ ဖြစ်ပြီး အကြမ်းခံတဲ့ စွမ်းရည်တွေ ပါလာမှာ ဖြစ်ပါတယ်။ 48MP အပါအဝင် အနောက်ကင်မရာ ၄ လုံး ထည့်ထားမှာ ဖြစ်ပါတယ်။ Sony IMX586 ဟာ Nightscape Feature အတွက် အရမ်းကောင်းတဲ့ Quad Bayer Sensor ဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းရဲ့ Nightscape Feature ကို ပြသထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။

ကုမ္ပဏီက Realme Q နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကိုလည်း ပြသလိုက်ပါတယ်။ ဓါတ်ပုံ ၁ ပုံကို အလင်းရောင်ကောင်းတဲ့ အချိန်နဲ့ နောက် ၁ ပုံကို နေဝင်ချိန်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Realme Q ရဲ့ အနောက်ကင်မရာ ၄ လုံးမှာ Macro Camera ၁ လုံး ပါလာမှာ ဖြစ်ပြီး အနီးကပ် ဓါတ်ပုံတွေက အရမ်း လန်းမှာ ဖြစ်ပါတယ်။

Realme Q ကို စက်တင်ဘာလ ၅ ရက်မှာ ကြေညာမှာ ဖြစ်ပြီး Realme XT ကိုလည်း မြင်ရနိုင်ပါတယ်။ ကုမ္ပဏီရဲ့ CMO က Realme Q မှာ 20W VOOC Fast Charging နည်းပညာ ပါမယ့် 4,035mAh Battery ထည့်သွင်းထားမှာ ဖြစ်ပြီး USB Type-C Port ကနေ အားသွင်းနိုင်မယ်လို့ အတည်ပြုထားပါတယ်။ ဒါ့အပြင် UFS 2.1 High-speed Flash Memory ပါမယ်လို့ သူက ပြောပါတယ်။

Realme 5 Pro မှာလို Snapdragon 712 Processor ထည့်သွင်းထားမယ်လို့ ပြောထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ Android 9 Pie အခြေပြု ColorOS 6 ပါလာမှာပါ။

Ref : gsmarena