realme Q2 ကို ဒီလထဲမှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ realme ရဲ့ CMO ဖြစ်သူ Xu Qi Chase က အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ အနောက်ဘက်မှာ အညိုဖျော့ရောင် သားရေနဲ့အတူ Dare to Leap စာသားကို မြင်ရပါတယ်။ အနောက်ကင်မရာ ၄ လုံးကို ဘယ်ဘက်ထိပ်မှာ ထည့်သွင်းထားပြီး ပင်မ ကင်မရာက 48MP ဖြစ်ပါတယ်။

ဓါတ်ပုံမှာ ပါဝါ ခလုတ်ကို ညာဘက်နဲ့ အသံခလုတ်တွေကို ဘယ်ဘက်မှာ တပ်ဆင်ထားတာ မြင်ရပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပြီး OLED မျက်နှာပြင် ဖြစ်နိုင်ပါတယ်။ အဲဒီ ကင်မရာ စုဖွဲ့မှုကို realme X7 Series ထဲမှာလည်း တွေ့ရပြီး အနောက်ဘက် ဒီဇိုင်းက realme V5 5G နဲ့ တူပါတယ်။

နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Digital Chat Station က realme Q2 နဲ့ realme Q2 Pro ၂ လုံး ထွက်လာမယ်လို့ ဝီဘိုမှာ သတင်းပေးထားပါတယ်။ သူက အဓိက Specs တချို့ကိုလည်း မျှဝေထားပြီး ကင်မရာတွေကလွဲကာ X7 Series တွေနဲ့ တူညီနေပါတယ်။

ထင်ရတာက realme ဟာ X7 နဲ့ X7 Pro တို့ကို ကင်မရာတွေ လျှော့ချထားပြီး နာမည်အသစ်နဲ့ ရောင်းချတာ ဖြစ်နိုင်ပါတယ်။ realme ဟာ ဒီလ ၁၃ ရက်နေ့မှာ ပွဲ ၁ ခု ကျင်းပမှာ ဖြစ်ပြီး အဲဒီမှာ realme Q ဖုန်းတွေကို ကြေညာနိုင်ပါတယ်။

Ref : gsmarena